My Blog List

Monday, February 27, 2012

နေပါစေ ချစ်လို့-ထူးအယ်လင်း


ကွန်ပျူတာ hardwareကြောင်း(ဖတ်သမျှ၊ သိသမျှ ဝေငှ)

CPU ဟာ ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ CPU ဟာ သူနဲ့သူ့ရဲ့အစိတ်အပိုင်းတွေကို EDB(External Data Bus)နဲ့ ချိတ်ဆက်ပါတယ်။ BUS ဆိုတာ Motherboard ပေါ်မှာ Data ပို့တဲ့ Electronic Pathway ကို BUS လို့ခေါ်ပါတယ်။ BUS မှာ Width နဲ့ Speed နဲ့ရှိပါတယ်။
CPU ဟာ အခြားအစိတ်အပိုင်းတွေနဲ့ Wire 8 ကြိုးနဲ့ဆက်သွယ်ပါတယ်။ Wire ကို Voltage ပေးလိုက်ရင် On ဖြစ်ပြီး မပေးရင် Off ဖြစ်ပါတယ်။ On ကို 1 လို့ယူဆပြီး Off ကို 0 လို့ယူဆပါတယ်။ On/ Off ဆိုတာ 1/0 ပါ။ ကွန်ပျူတာက 1/0 ပါတဲ့ Binary Number ကို သုံးပါတယ်။ ဂဏန်း 10100010 (8 )လုံးဟာ အမိန့်တစ်ခုဖြစ်ပါတယ်။
CPU ဟာ အတွင်းနဲ့အပြင်ကို External Data BUS ကနေ binary Patten ဖြင့် အပို့အယူလုပ်တယ်။ ဆက်သွယ်မှုရပေမယ့် CPU ဆီပို့တဲ့အကြောင်းအရာတွေကို CPU က ဘယ်လိုနားလည်သလဲဆိုတော့ 1 / 0 Patten ကို အဓိပါယ် ဖော်ဖို့အတွက် CodeBook တစ်ခုရှိနေမှာဖြစ်ပါတယ်။ External Data BUS ကလာတဲ့ Patten တွေက Code Book ထဲမှာရှိရုံနဲ့မပြီးသေးဘူး။ Register ရှိရပါမယ်။ Register 4 ခုရှိပါတယ်။ AX/BX/CX/DX ဖြစ်ပါတယ်။
CPU ဆီရောက်လာတဲ့ အလုပ်တွေကိုစတင်လုပ်ဖို့အတွက် CPU မှာနောက်ထပ် Wire တစ်ကြိုးလိုပါတယ်။ အဲဒါကို Clock Wire လို့ခေါ်ပါတယ်။ Clock Wire ကို Voltage ပေးလိုက်တာနဲ့ CPU ဟာအလုပ်လုပ်ပါတယ်။ အဲဒီလို Charge ပေးလိုက်ရင် Voltage အနည်းအများပေါ်မူတည်ပြီး Clock Cycle တွေဖြစ်လာပါတယ်။ CPU ဟာ အမိန့်တစ်ခုလုပ်ဆောင်ဖို့ Clock Cycle (2)ခုလိုအပ် ပါတယ်။ ဒီထက်ပိုတဲ့အခါလည်းရှိပါတယ်။

ခေါင်စဉ်-website ရဲ. IP adress အမည်ကို သိချင်ရင်

ခေါင်စဉ်-website ရဲ. IP adress အမည်ကို သိချင်ရင်

ပထမဆုံး start >>> Run ကို click.
cmd လို့ ရိုက်ပြီး ok လုပ်.
အဲဒီမှာ ဒါလေးကို ရိုက်ထည့်ကြည့်လိုက်.
nslookup www.google.com လို့ရိုက်ပြီး enter ခေါက်ကြည့်လိုက်ပါက
google ရဲ့ IP တွေကျလာပါလိမ့်မယ်။။မိမိသိချင်တဲ့ website ရဲ့ အမည်ကို ပြောင်းရိုက်ကြည့်ပေါ့

နေချင်တာ မင်းအနား(ပူစူး)


အဖေ(အဝေး တစ်နေရာရောက် သားမှ အဖေ သို့)

"ပြည်ပတစ်နေရာက ငါ့သားကြီး ပြန်လာရင် ငါ့နဲ့မှ တွေ့ရပါတော့မလားလို့ phone ထဲကနေ ပြောခဲ့တဲ့ ဖေဖေ”

အဖေရယ်... ဘာသာရေး ကိုအလေးအနက် ထားတဲ့  အဖေ
ဘယ်တော့ ပဲကြည့်ကြည့် လေးနက် တည်ကြည်တဲ့ မျက်နှာထားနဲ့  အဖေ...

ထမင်းဝိုင်းမှာ မိသားစု မစုံရင် မျက်နှာမှုန်တတ်တဲ့ အဖေ....

ဆေးလိပ်၊၊အရက်၊လောင်းကစား။မိန်းမ လုံးဝကင်းတဲ့

သားတို့ရဲ့စံပြအလင်းတန်း အဖေ....

မင်းကြောင့် သာ


တစ်ဖက်သတ်ခံစားချက်

မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။

မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။

လူ မတူ အမြင်မတူ

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊

"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို
 မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး...

နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်

touch PC လုပ်နည်း


အချစ် ခံစားချက်



လူတစ်ယောက်ကို ချစ်တဲ့အခါ........

သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့
သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။
.
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာ လိုအပ်သလို အချစ်တစ်ခုရှင်သန်ဖို့ အချစ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။
by: Nine Nine Sanay @ နိုင်းနိုင်းစနေ
မှတ်ချက်။  ။facebook မှ ကူးယူဖော်ပြပါသည်။

Sunday, February 26, 2012

I love you(sai sai)


Hacker အကြောင်းသိကောင်းစရာ




   ၁။ (က) Hacker ဆိုသည်မှာ

   Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

   အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

   White Hat

အခုလောလောဆယ်(wanted)


တခါတရံ အင်တာနက် problem

404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊
ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊ အသေး (e.g. www.YahOo.com)
ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found
လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။

မှားပိတ်မိတဲ့ tab တွေကိုပြန်ခေါ်နည်း


ဒါလေးကတော့  ဘာရယ်မဟုတ်ပါဘူး..အွန်လိုင်က စာတွေဖတ်ရင်က ရလိုက်တဲ့ ဗဟုသုတ
လေးပါ  ကျွန်တော်တို့ ၀က်ဆိုဒ်တွေ အများကြီး ဖွင့်ထားတဲ့အခါမှာ ကိုယ်မပိတ်ချင်တဲ့ ၀က်ဆိုဒ် tab တစ်ခုကို မှားပိတ်မိတဲ့  တွေကိုပြန်ခေါ်တဲ့ နည်းလေးပါ။
 

ဝေးပြီးတဲ့ နောက် (G-latt)


G-latt


ကွန်ပျူတာ (ဘိ) သံများပြသာနာများနှင့်ပတ်&


ကွန်ပျူတာ (ဘိ) သံများပြသာနာများနှင့်ပတ်&




ကွန်ပျူတာကိုစစဖွင့်ခြင်းPOST(power-on self test) လို့ခေါ်တဲ့utilityကကွန်ပျူတာ hardwareပိုင်းကပစ္စည်းပို
င်းအားလုံးကိုဘယ်အပိုင်းကပျက်မပျက်ဆိုတာစစ်ဆေးပါတယ်။Systemပုံး(သို့)ပုံးနံရံမှာကက်ထားတဲ့စပီကာသေး
သေးလေးက hardware ပိုင်းက ဘယ်ပစ္စည်းပျက်မပျက်ဆိုတာကို စစ်ပေးပါတယ်။ပြသာနာတစ်စုံတစ်ရာရှိပြီဆို
ရင်(ဘိ)သံတွေလွှင့်ပြီးအချက်ပေးပါတယ်။ကိုယ်ကနားလည် ပိုင်နိုင်စွာ သိနားလည်ဖို့ပဲလိုပါတယ်။

ခံစားချက်နဲ့ရေးတဲ့စာ


အလွမ်းရဲ့ဒဏ်ကို မခံစားချင်လို့ အခြားတစ်ဘက်မှာ ဖြေဖျောက်ကြည့်တယ် ဝေဒနာသာတိုးလာတယ် ဒဏ်ရာကတော့ အနားစလေးတောင် မကြတ်ခဲ့ပါဘူး
မရည်ရွယ်ပေမဲ့ မထင်မှတ်ပဲ ချစ်လာခဲ့တဲ့ ဒီချစ်သူကို ခွဲခွါပြေးရမှာပါ……….
မခံစားနိုင်သေးတဲ့ ဒီဒဏ်ရာရဲ့ရိုက်ခက်မှုတွေက ဘယ်ဆေးဝါးနဲ့မှ မကုစားနိုင်ပါဘူး

မှာပါရစေ … ပြောပါရစေ ”



(၁)

ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။



(၂)

ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

အမည်ပေး၍မရသော File ၊ Folder များအကြောင်း


ကဲ သင့်ရဲ့ Folder နဲ့ File Name တွေကို အောက်ပါ Name တွေ ပေးလို့မရဘူးနော်။

1.    CON            2.    PRN

3.    AUX            4.    NUL

5.    COM1         6.    COM2

7.    COM3         8.    COM4

9.    COM5         10.    COM6

11.    COM7       12.    COM8

13.    COM9       14.    LPT1

15.    LPT2        16.    LPT3

17.    LPT4        18.    LPT5

19.    LPT6        20.    LPT7

21.    LPT8        22.    LPT9

တို့ဖြစ်ပါတယ်။

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ် ...ဆရာ လူထုဦးစိန်ဝင်း



PDF
Print

Written by လူထုစိန်ဝင်း   
Sunday, 26 February 2012 13:36
AddThis Social Bookmark Button
အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။
လူမပြောင်း စနစ်ပြောင်း
ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် 'လူမပြောင်း စနစ်ပြောင်း' ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ အစိုးရအဖွဲ့သစ်ရဲ့ သမ္မတကြီးက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားတော့ အစိုးရအဖွဲ့နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို အမြဲတမ်းဦးထိပ်ထား လေးစားလိုက်နာကြရမှာဖြစ်ကြောင်း၊ ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ဆောင်ကြရ မှာဖြစ်ကြောင်း၊ သဘော ထား အယူအဆ မတူကွဲပြားသူများနှင့်လည်း လက်တွဲဆောင်ရွက်နိုင်အောင် နည်းလမ်းများ ရှာကြံကြရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကိုလည်း မဖြစ်မနေ လုပ်ဆောင်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထ မဏ္ဍိုင်ခိုင်မြဲစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့တယ်။
ယုံရခက်ကြီးပါပါ
ဒီမိန့်ခွန်းကို ကြားရသူတိုင်း တအံ့တသြ ဖြစ်ကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး မကြားခဲ့ဖူးတဲ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားရမယ်တို့ အယူအဆမတူသူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့ တောင် မတူတာတွေအသာထားပြီး တူတာတွေ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာတို့ကိုလည်း မယုံရခက်၊ ယုံရခက်နဲ့ ''ယုံရခက်ကြီးပါပါ''ဆိုတဲ့ သီချင်းလိုဖြစ်နေကြတယ်။ ယုံရခက်နေသူတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ဘူးလေ။သူတို့မှာလည်း အတွေ့အကြုံတွေက မနည်းတော့ဘူးကိုး။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ၀င်ခဲ့ဖူးဆိုသလိုဖြစ်နေကြလေတော့ ပြောတိုင်း မယုံတတ်ကြတော့ဘူး။
မရဲတရဲသွေးတိုးစမ်း
သမ္မတကြီးမိန့်ခွန်းပြောပြီး မကြာခင်မှာပဲ သိသာထင်ရှားတဲ့အပြောင်းအလဲကို အရင်ဦးဆုံးပြလိုက်တာကတော့ စာပေစိစစ်ရေး ဖြစ်တယ်။ ချုပ်ကိုင်တင်းကျပ်မှုတွေ အတော်များများကို လျော့ပေးလိုက်တယ်။ အရင် က လုံးဝရေးလို့မရတာတွေ ရေးလို့ရလာတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့နာမည်တွေကို ရေးလို့ရလာရုံတင်မက သူတို့ကိုယ်တိုင်ရေးတဲ့စာတွေပါ ထည့်သွင်းဖော်ပြခွင့် ပြုလာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ စာစောင်မှန်သမျှမှာ နေ့စဉ်မလွတ်တမ်း မြင်တွေ့လာရတယ်။ ဂျာနယ်သမားတွေကလည်း ဖြည်းဖြည်းချင်း မရဲတရဲနဲ့ သွေးတိုးစမ်းသလို ဟိုဟာလေးနည်းနည်းရေးလိုက် ဒီဟာလေး နည်းနည်းတို့ကြည်လိုက်နဲ့ စာပေစိစစ်ရေးကို အကဲစမ်းကြည့်နေကြတယ်။
အရဲကိုးပြီးမေးကြည့် ပြောကြည့်
ပြည်သူလူထုဘက်ကလည်း အလားတူပဲ။ စစချင်းတော့ ကြောက်ကြောက်နဲ့ ဆယ်အိမ်ခေါင်းလောက်ကို ပြန်ပြောကြည့်တယ်။ ပြောလို့ရတော့ အရဲကိုးပြီး 

ဦးဖိုးကျား၏ တန်ဘိုးမဖြတ်နိုင်သော ၀တ္တုလေးတစ်ပုဒ်


ဦးဖိုးကျား၏ တန်ဘိုးမဖြတ်နိုင်သော ၀တ္တုလေးတစ်ပုဒ်အားမျှဝေပေးလိုက်ပါတယ် ...
by Oak Kar on Tuesday, 17 January 2012 at 16:41
မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလပြည့်၊၁၈၉၁-ခုနှစ

်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွားမြင်သည်။ သားချင်း(၄)ဦးတွင် အငယ်ဆုံးဖြစ်သည်။


မယ်မြ
ရေးသူ-အမျိုးသားပညာဝန် ဦးဖိုးကျား
လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း အမျိုးသားကျောင်းတစ်ကျောင်း တည်ထောင် လေသည်.။ ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တစ်ခေါက်သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသဘောင်္ဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တစ် ယောက်သာပါ၏။ အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တစ်ညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သဘောင်္စီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တစ်ခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ င်း၏ယောင်္ကျားကုလားက ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။

beautiful places 2



beautiful places


Hard Disc အကြောင်း မြန်မာ vcd


Motherboard အတွင်းရှိသင့်သည့် Components များ

၉။ Motherboard အတွင်းရှိသင့်သည့်  Components များ


ကဲဒီတစ်ခေါက် ဆောင်းပါးလေးကတော့  Motherboard အတွင်းမှာရှိသင့်ရှိ ထိုက်တဲ့ Compenents တွေကို



ပြောပြပေးပ့ါမယ်။ ဒါပေမယ့်လို့ Motherboard ထုတ်တဲ့ Company တော်တော်များများ

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ (နိုးဝေ ကဗျာ-၂)




အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။

အခုလောလောဆယ်(wanted)


ငါ့ဘက်က မှားတာပါ(လင်းလင်း)


ပညာရေးပိုင်းအစတစ်ခု


An Educational Piece

Shin Maharatthasara (ရှင်မဟာရဋ္ဌသာရ/သျှင်မဟာရဋ္ဌသာရ), a Myanmar Buddhist monk (2012 - 2073 Buddhist Era), presented a good learning process with eight steps namely listening, thiking, asking, discussing, investigating, writing, practising and keeping (summarized in eight Pali initials "su, ci, pu, bha, vi, li, si, dha").
It's just obvious that this is a good education system which can be accepted and practiced today. But we don't know how this system was applied and how it was successful. And we don't know either this has been practiced in Myanmar or not.

ပညာရေးပိုင်းအစတစ်ခု

ဟိုတစ်နေ့က အသိတစ်ယောက်နဲ့ Gmailမှာ Chatရင်း ပညာရေးနဲ့ဆိုင်တဲ့ စကားတစ်ခွန်း ကြားခဲ့ရတယ်။ တောင်အာဖရိက သမတဟောင်း Nelson Mandelaရဲ့ အဆိုအမိန့် တဲ့။
"Education is the most powerful weapon which you can use to change the world."
နားလည်သလို ဘာသာပြန်ကြည့်တယ်။
"ပညာရေးဟာ ကမ္ဘာကြီးကို ပြောင်းလဲအောင် လုပ်ရာမှာ အသုံးပြုနိုင်တဲ့ စွမ်းအားအပြင်းဆုံး လက်နက်ပါ။"
ဘယ်တုန်းက ပြောခဲ့တဲ့ စကားဆိုတာ မသိပါဘူး။ ခု Google နဲ့ ပြန်ရှာကြည့်တော့ အဲ့ဒီစကားကို essay.blogs.nytimes.com မှာ တွေ့ရပါတယ်။ The New Yourk Times Magazine ရဲ့ College Essay Contest ခေါင်းစဉ်အောက်မှာပါ။ ဟုတ်တာပေါ့။ ကမ္ဘာကြီး ဒီနေ့အခြေအနေရောက်အောင် တွန်းခဲ့တဲ့ အားတွေထဲမှာ ပညာရေးက အဓိက တွန်းအားတစ်ခုပေါ့။ ပညာရေးဟာ အစွမ်းထက်ပါတယ်။ ကောင်းပါတယ်။ အဲ့ဒီနောက် ပညာရေး ဆိုတာကို အထူးစိတ်ဝင်စားမိနေရင်း ပညာရေးနဲ့ဆိုင်တဲ့ စာတွေကို အချိန်ရသလောက် လက်လှမ်းမီသလောက် လိုက်ဖတ်နေရာက ဒီနေ့တော့ မကောင်းတဲ့ ပညာရေးတစ်ခုအကြောင်း articlesbase.comမှာ ဖတ်လိုက်ရပါတယ်။ အမိန့်အာဏာပေါ်မှာ တည်ဆောက်ထားတဲ့ ပညာရေးတဲ့။ ဖတ်မိခဲ့တာကို နားလည်သလို ပြန်ပြောပါမယ်။

          "ပညာရေးမှာ အာဏာရှင်ဆန်မှုကို ပညာရေးမှာ စီမံပိုင်ခွင့် ရှိသူတွေက ဖန်တီးတာပဲ။
          ရည်ရွယ်ချက်က ပညာအသင်ခံရတဲ့ အအုပ်ချုပ်ခံတွေကို မမှန်တာတွေ
          အယုံခိုင်းပြီး စိတ်တိုင်းကျ ကြိုးကိုင်ထားနိုင်ဖို့။
          ကြိုးကိုင်လို့ရတဲ့ အခြေအနေ ရောက်အောင် ပြင်ဆင်တဲ့ အနေနဲ့
          ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေက ဆရာကို
         စောဒကတက် မေးခွန်းမထုတ်ရဘူး။ ဆရာပြောသမျှ လက်ခံရတယ်။
          ဒီပညာရေးကြောင့် လူတွေက လွတ်လပ်မှု တရားမျှတမှုအစား အာဏာရှင်ကို လက်ခံလာတယ်။
          အယူသီးမှုတွေ ရှိလာတယ်။ ယောင်ဝါးဝါးတွေ ဖြစ်လာတယ်။
         ကိုးကွယ်ယုံကြည်မှုမှာလည်း အမှန်တရားနဲ့ ဝေးလာတယ်။
         အာဏာရှင်ဆန်တဲ့ ပညာရေးစနစ်မှာ တာဝန်ရှိသူတွေက သင်္ခန်းစာတွေကို ဆင်ဆာဖြတ်တယ်။
         စိတ်တိုင်းကျ စီမံတယ်။ ဒီနည်းနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ် တွေးခေါ်ခြင်းကို
         သေတွင်းဆီ ပို့တယ်။ စောဒကတက် မေးခွန်းထုတ်တဲ့ ကျောင်းသူ ကျောင်းသားကို နှိမ်တယ်။

ကွန်ပျူတာနှင့်ပက်သက်ပြီး လူသိနည်းသော အကြောင်းအရာများ




ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

၅။ TYPEWRITER ဟူသော စာလုံးသည် ကီးဘုတ်၏ Row တစ်ခုပေါ်တွင် အရှည်ဆုံး ရိုက်နိုင်သည့် စာလုံး ဖြစ်သည်။

၆။ ရေဒီယို နားဆင်သူ သန်း ၅၀ ပြည့်ရန် ၃၈ နှစ်ကြာသည်။ တီဗီ အတွက် ၁၃ နှစ်ကြာသည်။ သို့သော် World Wide Web (www) အသုံးပြုသူ သန်း ၅၀ ပြည့်ရန် ၄ နှစ်သာကြာသည်။

၇။ ပထမဦးဆုံး Domain ၏ နာမည်မှာ Symbolics.com ဖြစ်သည်။

၈။ စာစီစာရိုက် သူတစ်ဦး၏ ပုံမှန် အလုပ်လုပ်သည့်တစ်ရက်အတွင်း လက်ချောင်းများ ၁၂.၆ မိုင်အထိ ခရီးသွားသည်။

၉။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာမှာ Z1 ဖြစ်ပြီး သိပ္ပံပညာရှင် Konrad Zuse မှ ၁၉၃၆ ခုနှစ်က တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယမျိုးဆက် Z2 ကို ၁၉၃၉ ခုနှစ်က တီထွင်နိုင်ခဲ့ပြီး ကမ္ဘာ့ပထမဦးဆုံး electro-mechnical ကွန်ပျူတာအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၀။ တစ်လလျှင် Domain name ပေါင်း တစ်သန်းကျော်ထက်မနည်း Register ပြုလုပ်လျက်ရှိသည်။

၁၁။ ဘီလ်ဂိတ်၏ အိမ်ကို Macintosh ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခဲ့သည်။

၁၂။ IBM PC ကို တီထွင်ခဲ့သည့် အင်ဂျင်နေယာ ၁၂ ဦးအဖွဲ့ကို The Dirty Dozen ဟု အမည်ပြောင် ပေးထားကြသည်။

၁၃။ ကမ္ဘာ့ကျော် ကွန်ပျူတာထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Hewlett Packard (HP) သည် ကွန်ပျူတာ အမြောက်အများထုတ်လုပ်မှုကို ၁၉၃၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မြို့ရှိ ကားဂိုဒေါင်တစ်ခု တွင် စတင်ပြုလုပ်ခဲ့သည်။

၁၄။ ကမ္ဘာ့ပထမဦးဆုံး hard drive များသည် 20MB သာရှိပြီး အမေရိကန်ဒေါ်လာ ၈၀၀ ကုန်ကျသည်။ ယခုအခါ ဈေးနှုန်း အဆတစ်ရာကျဆင်းပြီး သိုလောင်နိုင်စွမ်း Capacity အဆတစ်ရာမက တိုးတက်ခဲ့သည်။

၁၅။ ကွန်ပျူတာ mouse, windowing GUI, Laser printing နှင့် Network card များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ Xerox ကုမ္ပဏီမှ တစ်ပြိုင်နက်တည်း ထုတ်လုပ်နိုင်ခဲ့သည်။

၁၆။ အွန်လိုင်း exchange တစ်ခုဖြစ်သည့် eBay တွင် တစ်စက္ကန့်၌ ပျမ်းမျှ ငွေ အမေရိကန်ဒေါ်လာ ၆၈၀ တန်ဖိုး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

၁၇။ ဆဲလ်ဖုန်းတွင် ပါဝင်သော ကွန်ပျူတာ Processing power သည် ကမ္ဘာ့ပထမဦးဆုံး လပေါ်သို့ သွားရောက်နိုင်ခဲ့သည့် အာကာသယာဉ် Apollo 11 Lunar Lander တွင် ပါဝင်သော ကွန်ပျူတာအားလုံး၏ Processor များထက် များစွာသာလွန်သည်။

၁၈။ Crash Course သည် Microsoft Window tutorials ၏ အခြား အမည်တစ်မျိုးဖြစ်သည်။

၂၀။ လူတိုင်း ကွန်ပျူတာ Virus များ မိမိကွန်ပျူတာသို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို စိုးရိမ်သိရှိကြသည်။ သို့သော် ယင်း Virus မည်သို့မည့်ပုံ ပြန့်ပွားသည်ကို သိလျက်နှင့်မေ့နေကြသည်။ Virus ပါသော ဖိုင်ကို Dowload လုပ်ခြင်း (သို့မဟုတ်) Sharing လုပ်ခြင်း စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကွန်ပျူတာ၏ system ကို ပျက်စီးစေသည်။

Window ပေါ်မှ တွေ့ရှိချက်တစ်ခု (ONE WINDOWS MAGIC TRICK)

အိန္ဒိယမှ လေ့သာသူတစ်ဦး၏ ရှားရှားပါးပါး တွေ့ရှိချက်တစ်ခုရှိသည်။ ၄င်းမှာ ကွန်ပျူတာ၏ မည်သည့် နေရာ( Desktop, Local Disk C, D, E, etc………………) တွင်မဆို Folder များဖန်တီးရာတွင် CON ဟူသော နာမည်ပေး၍မရပါ။

စာဖတ်သူတို့ Folder တစ်ခုကို con လို့အမည်ပေးပြီး ဖန်တီးကြည့်ပါ။ ယင်းကဲ့သို့ အမည်ပေးလို့မရနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။


မှတ်ချက်။   ။facebook မှ ဖတ်လိုက်၇သော ဆောင်းပါးလေးပါ။
Ref:doyouknow.com

Saturday, February 25, 2012

မောင့်ချစ်သူ မြန်မာ 'မ'လေး


ရွှေအိမ်မက်


ဝါဆို


အိုင်စတိုင်


the best desinger


ငွေရှိတိုင်း မဖြစ်နှိင်သောအရာများ


လောကမှာငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ထင်နေကြသူတွေအတွက်…
အောက်ကအချက်(၂၀)ကို ဖတ်ကြည့်ပေးပါ…………။
1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊
စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း
ဝယ်နိုင်လိမ့်မယ်၊ မေတ္တာတရား (Love) ကို
ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ ကျန်းမာခြင်း (Health) ကို
ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို
ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home)
ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို
မင်းဝယ်နိုင်လိမ့်မယ်၊ ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို
ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ လေးစားမှု (Respect) ကို
ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)
ကို မင်းဝယ်လို့ရလိမ့်မယ်၊ လှပ တင့်တယ်မှု (Beauty)
ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊ အချိန်
(Time) ကို ဝယ်လို့မရဘူး။

လိုကယ်စိတ်နဲ့ ဂလိုဘယ်ခေတ် ( လူထုစိန်ဝင်း)


မြန်မာစီပွားရေး လောကသားတွေရဲ့ လက်သုံးစကားတစ်ခွန်း ရှိသေးတယ်။ “အလုပ်ရှင် အလုပ်သမားလို သဘောမထားပါဘူး၊
 မိသားစုလို သဘောထားပါတယ်”ဆိုတာ ဖြစ်တယ်။ ဒီစကားဟာ တော်တော်ကို စီးပွားရေးသမား မပီသတဲ့စကား၊ ပရော်ဖက်ရှင်နယ်
 မဆန်တဲ့စကား ဖြစ်တယ်ဆိုတာကို မသိကြဘူး။ ခပ်လွယ်လွယ် ပြောလိုက်တဲ့ သဘောဖြစ်တယ်။ စီးပွားရေးလုပ်တယ်ဆိုတာ
ပရဟိတဂေဟာ ဖွင့်တာ မဟုတ်ဘူး။ အလှူပေးနေတာလည်း မဟုတ်ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ တိကျတဲ့ စည်းကမ်းတွေ ရှိရမယ်။
 နှစ်ဦးသဘောတူထားတဲ့ ပဋိဥာဉ်တွေ ရှိရမယ်။ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်တွေ ရှင်းရှင်းလင်းလင်း တိတိကျကျ ရေးဆွဲထားတာ ရှိရမယ်။
 ပရော်ဖက်ရှင်နယ် သဘောကို နားမလည်တဲ့အတွက် အရှည်သဖြင့်ကျတော့ အငြင်းပွားစရာတွေ ဖြစ်လာတယ်။ စာချုပ်စာတမ်း
 မရှိတော့ အများအားဖြင့် အလုပ်သမားဘက်က နစ်နာရတာ များတယ်။ မိသားစုလို သဘောထားပါတယ်ဆိုတဲ့ စကားလှလှလေးသုံးပြီး
 အလုပ်ရှင်က အသာစီးရယူတာ များတယ်။ ခိုင်းတဲ့နေရာမှာသာ မိသားစုလိုသဘောထားပြီး နေ့ညမရှောင် အလုပ်မပြီးမချင်း ပြန်မလွှတ်ဘဲခိုင်းတာ၊
ပေးတဲ့နေရာ၊ ကျွေးတဲ့မွေးတဲ့ နေရာကျတော့ မိသားစုလို သဘောထားကြတာ မဟုတ်ပါဘူး။ အလုပ်သမားလို သဘောထားပြီး ပေးတာကျွေးတာချည်းပါပဲ။
 အလုပ်စဝင်တော့မယ့် လူငယ်တွေအနေနဲ့ မိသားစုလို သဘောထားတယ်ဆိုတဲ့ စကားကို အဟုတ်မထင်ပါနဲ့။ အလုပ်သမား တစ်ယောက်အနေနဲ့
ကိုယ်လုပ်ရမယ့် တာဝန်ဝတ္တရားကို တိတိကျကျ မေးမြန်းစုံစမ်းပြီး ကိုယ်ခံစားရရှိမယ့် ရပိုင်ခွင့်များကိုလည်း သေသေချာချာသိအောင် မေးမြန်းထားဖို့
လိုပါတယ်။ ဖြစ်နိုင်ရင် အလုပ်စတင် ဝင်ရောက်တဲ့နေ့မှာ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးဖို့ တောင်းဆိုသင့်တယ်။
 ဒီကိစ္စက လွယ်တော့မလွယ်ဘူး။ ဒီနေ့ထိ မြန်မာ့စီးပွားရေး လောကမှာ ဒီလိုလုပ်လေ့လုပ်ထ မရှိကြသေးဘူး။ နိုင်ငံခြားသားတွေကတော့ မလွဲမသွေကို လုပ်ကြတယ်။
 မြန်မာ့စီးပွားရေးကို ကမ္ဘာ့အဆင့်ထဲထိ တိုးဝင်ဖို့ဆိုရင် လုပ်နည်းလုပ်ဟန်အားလုံးကို အခြေအမြစ်ကစပြီး ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ မိရိုးဖလာလုပ်နည်းလုပ်ဟန်တွေ
၊ စိတ်ဓာတ်တွေနဲ့ ကမ္ဘာကြီးထဲ တိုးဝင်ဖို့ မလွယ်ပါဘူး” ဟု “လိုကယ်စိတ်နဲ့ ဂလိုဘယ်ခေတ်”ဟူသော ဆောင်းပါးကို ဆရာကြီး လူထုစိန်ဝင်းက ၂၀၁၁ ခုနှစ် ဇန်နဝါရီလ
၂၅ ရက်နေ့ထုတ် အခွင့်အလမ်း ဂျာနယ်တွင် ဖော်ပြထားပါသည်။

မှတ်ချက်။  ။ဆောင်းပါးရှင် ဆရာကြီးအား လေးစားလျှက်..။

အဝေးရောက် ချစ်သူများသို့


သီအိုရီ

 သီအိုရီ


လွမ်းတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချင်တယ် ( တစ်သက်လုံး )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည့် ချင်တယ် ( ၂၄ နာရီ )
ချော့ သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါးနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိရင် )
မခွဲနိုင်ဘူး ( ယုံ )
ထပ်ကာထပ်ကာပြောချင်တယ် ( I Love You )

မှတ်ချက်။ ။ကျွန်တော် ရေးစပ်တာ မဟုတ်ပါ။ရေးစပ်သူ မဖော်ပြနိုင်တဲ့အတွက် ခွင့်လွတ်ပါ။ ကဗျာချစ်သူ ညီအကို မောင်နှမများကို မျှဝေချင်ဖြစ်ပါသည်။

သစ်ငုတ်တိုရဲ့ဘဝ

သစ်ငုတ်တိုရဲ့ဘဝ

    * ကိုယ့်ဘာသာထိုင်နေတာပါ ...
    * ခလုတ်လာတိုက်သွားတာက
    * သူတို့ပါ.....
    * ဒါပေမယ့်ဗျာ....။
    * အဆဲခံလိုက်ရတော့
    * ကျွန်တော်ပေါ့.....။  ။


မှတ်ချက်။  ။ ကျွန်တော် ရေးစပ်တာ မဟုတ်ပါ။ အွန်လိုင်မှ ဖတ်လိုက်ရသော ကဗျာ ကောင်းတစ်ပုဒ်ပါ..ရေးစပ်သူ သိပါက ပြောနိုင်ပါသည်။

ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး (မင်းခိုက်စိုးစန်)

ဥဩဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ့ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။

ကျွန်တော်ကြိုက်သော ကဗျာကောင်းလေး တစ်ပုဒ်ပါ

ဘ၀ဆိုတာ (၄/၂၀၀၈)

သစ်ပင်တစ်ပင်အတွက်
အသီးမသီးတာ ဘ၀ ဆိုးခဲ့ပါသလား…။

ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။။
ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။
ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။
လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။
အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။

မိတ်ဆွေ
ငွေ မရှိတဲ့ ဘ၀ဆိုတာ
လူသားတစ်ယောက်အတွက်
အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို
အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။

ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့
ဘ၀ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။

အငွေ့


-----------------------------------------------------------
ဘ၀ဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့
ပန်းချီကားတစ်ချပ်လိုပဲ….။

ကံဆရာ ဇာတ်ညွှန်းမှာ
ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက်
အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။

ငိုခန်းတွေ ပါမယ်
ရယ်ခန်းတွေ ပါမယ်
ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။
ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။

အခုသေချာတာက ဘ၀ဆိုတာ
ငယ်ငယ်ကလို
ကျောက်သင်ပုန်းပေါ်မှာ
ဆရာမ ချရေးပြသလို
ဘကုန်းနဲ့ ၀ ဟာ သိပ်မရိုးရှင်းတော့တာကတော့
သေချာတယ်။

သမိုင်းအဆက်ဆက်
ငါ့တို့ ဆိုငြီးတဲ့ တေးသွားက
ဘ၀ ကလာတယ်။

အငွေ့

မှတ်ချက်။ ။ကျွန်တော် ရေးစပ်သာ မဟုတ်ပါ။ ကဗျာ ရေးစပ်သူကိုတော့ ကျွန်တော့် မမှတ်မိတော့ပါဘူး ကျွန်တော်ကြိုက်လို့ အွန်လိုင်က ဖတ်လိုက်ရတဲ့ ကြိုက်လို့ သိမ်းထားတဲ့ ကဗျာ တစ်ပုဒ်ပါ။ကဗျာပိုင်ရှင်ကို တောင်ပန်းပါတယ် ... ရေးစပ်သူအမည် မဖော်ပြပေးနိုင်တြ့အတွက်..

ဟာသ ဓာက်ပုံများ







မင်းတစ်ယောက်တည်းကို ချစ်တာ ...


အရမ်းကောင်းတဲ့ သီချင်ေးလပါ