My Blog List

Monday, February 27, 2012

နေပါစေ ချစ်လို့-ထူးအယ်လင်း


ကွန်ပျူတာ hardwareကြောင်း(ဖတ်သမျှ၊ သိသမျှ ဝေငှ)

CPU ဟာ ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ CPU ဟာ သူနဲ့သူ့ရဲ့အစိတ်အပိုင်းတွေကို EDB(External Data Bus)နဲ့ ချိတ်ဆက်ပါတယ်။ BUS ဆိုတာ Motherboard ပေါ်မှာ Data ပို့တဲ့ Electronic Pathway ကို BUS လို့ခေါ်ပါတယ်။ BUS မှာ Width နဲ့ Speed နဲ့ရှိပါတယ်။
CPU ဟာ အခြားအစိတ်အပိုင်းတွေနဲ့ Wire 8 ကြိုးနဲ့ဆက်သွယ်ပါတယ်။ Wire ကို Voltage ပေးလိုက်ရင် On ဖြစ်ပြီး မပေးရင် Off ဖြစ်ပါတယ်။ On ကို 1 လို့ယူဆပြီး Off ကို 0 လို့ယူဆပါတယ်။ On/ Off ဆိုတာ 1/0 ပါ။ ကွန်ပျူတာက 1/0 ပါတဲ့ Binary Number ကို သုံးပါတယ်။ ဂဏန်း 10100010 (8 )လုံးဟာ အမိန့်တစ်ခုဖြစ်ပါတယ်။
CPU ဟာ အတွင်းနဲ့အပြင်ကို External Data BUS ကနေ binary Patten ဖြင့် အပို့အယူလုပ်တယ်။ ဆက်သွယ်မှုရပေမယ့် CPU ဆီပို့တဲ့အကြောင်းအရာတွေကို CPU က ဘယ်လိုနားလည်သလဲဆိုတော့ 1 / 0 Patten ကို အဓိပါယ် ဖော်ဖို့အတွက် CodeBook တစ်ခုရှိနေမှာဖြစ်ပါတယ်။ External Data BUS ကလာတဲ့ Patten တွေက Code Book ထဲမှာရှိရုံနဲ့မပြီးသေးဘူး။ Register ရှိရပါမယ်။ Register 4 ခုရှိပါတယ်။ AX/BX/CX/DX ဖြစ်ပါတယ်။
CPU ဆီရောက်လာတဲ့ အလုပ်တွေကိုစတင်လုပ်ဖို့အတွက် CPU မှာနောက်ထပ် Wire တစ်ကြိုးလိုပါတယ်။ အဲဒါကို Clock Wire လို့ခေါ်ပါတယ်။ Clock Wire ကို Voltage ပေးလိုက်တာနဲ့ CPU ဟာအလုပ်လုပ်ပါတယ်။ အဲဒီလို Charge ပေးလိုက်ရင် Voltage အနည်းအများပေါ်မူတည်ပြီး Clock Cycle တွေဖြစ်လာပါတယ်။ CPU ဟာ အမိန့်တစ်ခုလုပ်ဆောင်ဖို့ Clock Cycle (2)ခုလိုအပ် ပါတယ်။ ဒီထက်ပိုတဲ့အခါလည်းရှိပါတယ်။

ခေါင်စဉ်-website ရဲ. IP adress အမည်ကို သိချင်ရင်

ခေါင်စဉ်-website ရဲ. IP adress အမည်ကို သိချင်ရင်

ပထမဆုံး start >>> Run ကို click.
cmd လို့ ရိုက်ပြီး ok လုပ်.
အဲဒီမှာ ဒါလေးကို ရိုက်ထည့်ကြည့်လိုက်.
nslookup www.google.com လို့ရိုက်ပြီး enter ခေါက်ကြည့်လိုက်ပါက
google ရဲ့ IP တွေကျလာပါလိမ့်မယ်။။မိမိသိချင်တဲ့ website ရဲ့ အမည်ကို ပြောင်းရိုက်ကြည့်ပေါ့

နေချင်တာ မင်းအနား(ပူစူး)


အဖေ(အဝေး တစ်နေရာရောက် သားမှ အဖေ သို့)

"ပြည်ပတစ်နေရာက ငါ့သားကြီး ပြန်လာရင် ငါ့နဲ့မှ တွေ့ရပါတော့မလားလို့ phone ထဲကနေ ပြောခဲ့တဲ့ ဖေဖေ”

အဖေရယ်... ဘာသာရေး ကိုအလေးအနက် ထားတဲ့  အဖေ
ဘယ်တော့ ပဲကြည့်ကြည့် လေးနက် တည်ကြည်တဲ့ မျက်နှာထားနဲ့  အဖေ...

ထမင်းဝိုင်းမှာ မိသားစု မစုံရင် မျက်နှာမှုန်တတ်တဲ့ အဖေ....

ဆေးလိပ်၊၊အရက်၊လောင်းကစား။မိန်းမ လုံးဝကင်းတဲ့

သားတို့ရဲ့စံပြအလင်းတန်း အဖေ....

မင်းကြောင့် သာ


တစ်ဖက်သတ်ခံစားချက်

မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။

မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။

လူ မတူ အမြင်မတူ

ဆရာက ကျောင်းသား နှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အတော် စဉ်းစားယူရတဲ့ သင်္ချာ ဥာဏ်စမ်းတွေပါ။

ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊

"ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက် မေးတာပဲ၊ ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို
 မကျေနပ်လို.ဖြစ်မယ်" .... သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်း မဖြေနိုင် တော့ပါဘူး...

နောက်တစ်ယောက် ကတော့ ဒီလိုမြင်ပါတယ်

touch PC လုပ်နည်း


အချစ် ခံစားချက်



လူတစ်ယောက်ကို ချစ်တဲ့အခါ........

သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့
သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။
.
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာ လိုအပ်သလို အချစ်တစ်ခုရှင်သန်ဖို့ အချစ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။
by: Nine Nine Sanay @ နိုင်းနိုင်းစနေ
မှတ်ချက်။  ။facebook မှ ကူးယူဖော်ပြပါသည်။

Sunday, February 26, 2012

I love you(sai sai)


Hacker အကြောင်းသိကောင်းစရာ




   ၁။ (က) Hacker ဆိုသည်မှာ

   Hacker ဆိုသည်မှာ Computer System များ၊ Electronic နည်းပညာရပ်များကို ကျွမ်းကျင် တတ်မြောက်ပြီး၊ ထိုနည်းပညာရပ်များကို အသုံးချကာ Computer Security နှင့်သက်ဆိုင်သော Program များ၊ Application များကို ရေးသားသူသာ ဖြစ်သည်ဟူ၍ Hacker Community မှ ယူဆထားပြီး၊ နည်းပညာရပ်များကို မသမာသော ရည်ရွယ်ချက်များဖြင့် အသုံးချလေ့ရှိသူများကိုမူ Cracker ဟူ၍သာ သတ်မှတ်လေ့ရှိသည်။

   အကြမ်းအားဖြင့်မူ White Hat Black Hat နှင့် Grey Hat ဟု ခွဲခြားနိုင်သည်။ ထို White Hat Black Hat စသော အသုံးအနှုံးများမှာလည်း ရုပ်ရှင်ဇာတ်ကားများတွင် ဦးထုပ်အနက်ဆောင်းသောသူသည် ဇာတ်လိုက် (လူကောင်း)၊ ဦးထုပ်အနက်ဆောင်းသောသူသည် လူကြမ်း (လူမိုက်) စသည်ကို အကြောင်းပြု၍ကင်ပွန်းတပ်ကြခြင်းသာ ဖြစ်သည်။

   White Hat

အခုလောလောဆယ်(wanted)


တခါတရံ အင်တာနက် problem

404 Bad Request
Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊
ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊ အသေး (e.g. www.YahOo.com)
ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found
လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။

မှားပိတ်မိတဲ့ tab တွေကိုပြန်ခေါ်နည်း


ဒါလေးကတော့  ဘာရယ်မဟုတ်ပါဘူး..အွန်လိုင်က စာတွေဖတ်ရင်က ရလိုက်တဲ့ ဗဟုသုတ
လေးပါ  ကျွန်တော်တို့ ၀က်ဆိုဒ်တွေ အများကြီး ဖွင့်ထားတဲ့အခါမှာ ကိုယ်မပိတ်ချင်တဲ့ ၀က်ဆိုဒ် tab တစ်ခုကို မှားပိတ်မိတဲ့  တွေကိုပြန်ခေါ်တဲ့ နည်းလေးပါ။
 

ဝေးပြီးတဲ့ နောက် (G-latt)


G-latt


ကွန်ပျူတာ (ဘိ) သံများပြသာနာများနှင့်ပတ်&


ကွန်ပျူတာ (ဘိ) သံများပြသာနာများနှင့်ပတ်&




ကွန်ပျူတာကိုစစဖွင့်ခြင်းPOST(power-on self test) လို့ခေါ်တဲ့utilityကကွန်ပျူတာ hardwareပိုင်းကပစ္စည်းပို
င်းအားလုံးကိုဘယ်အပိုင်းကပျက်မပျက်ဆိုတာစစ်ဆေးပါတယ်။Systemပုံး(သို့)ပုံးနံရံမှာကက်ထားတဲ့စပီကာသေး
သေးလေးက hardware ပိုင်းက ဘယ်ပစ္စည်းပျက်မပျက်ဆိုတာကို စစ်ပေးပါတယ်။ပြသာနာတစ်စုံတစ်ရာရှိပြီဆို
ရင်(ဘိ)သံတွေလွှင့်ပြီးအချက်ပေးပါတယ်။ကိုယ်ကနားလည် ပိုင်နိုင်စွာ သိနားလည်ဖို့ပဲလိုပါတယ်။

ခံစားချက်နဲ့ရေးတဲ့စာ


အလွမ်းရဲ့ဒဏ်ကို မခံစားချင်လို့ အခြားတစ်ဘက်မှာ ဖြေဖျောက်ကြည့်တယ် ဝေဒနာသာတိုးလာတယ် ဒဏ်ရာကတော့ အနားစလေးတောင် မကြတ်ခဲ့ပါဘူး
မရည်ရွယ်ပေမဲ့ မထင်မှတ်ပဲ ချစ်လာခဲ့တဲ့ ဒီချစ်သူကို ခွဲခွါပြေးရမှာပါ……….
မခံစားနိုင်သေးတဲ့ ဒီဒဏ်ရာရဲ့ရိုက်ခက်မှုတွေက ဘယ်ဆေးဝါးနဲ့မှ မကုစားနိုင်ပါဘူး

မှာပါရစေ … ပြောပါရစေ ”



(၁)

ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။



(၂)

ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ