An Educational
Piece
Shin Maharatthasara
(ရှင်မဟာရဋ္ဌသာရ/သျှင်မဟာရဋ္ဌသာရ), a Myanmar Buddhist monk (2012 - 2073 Buddhist
Era), presented a good learning process with eight steps namely listening,
thiking, asking, discussing, investigating, writing, practising and keeping
(summarized in eight Pali initials "su, ci, pu, bha, vi, li, si,
dha").
It's just obvious that
this is a good education system which can be accepted and practiced today. But
we don't know how this system was applied and how it was successful. And we
don't know either this has been practiced in Myanmar or not.
ပညာရေးပိုင်းအစတစ်ခု
ဟိုတစ်နေ့က
အသိတစ်ယောက်နဲ့ Gmailမှာ Chatရင်း ပညာရေးနဲ့ဆိုင်တဲ့ စကားတစ်ခွန်း ကြားခဲ့ရတယ်။
တောင်အာဖရိက သမတဟောင်း Nelson Mandelaရဲ့ အဆိုအမိန့် တဲ့။
"Education is the most powerful
weapon which you can use to change the world."
နားလည်သလို ဘာသာပြန်ကြည့်တယ်။
"ပညာရေးဟာ ကမ္ဘာကြီးကို
ပြောင်းလဲအောင် လုပ်ရာမှာ အသုံးပြုနိုင်တဲ့ စွမ်းအားအပြင်းဆုံး လက်နက်ပါ။"
ဘယ်တုန်းက ပြောခဲ့တဲ့
စကားဆိုတာ မသိပါဘူး။ ခု Google နဲ့ ပြန်ရှာကြည့်တော့ အဲ့ဒီစကားကို
essay.blogs.nytimes.com မှာ တွေ့ရပါတယ်။ The New Yourk Times Magazine ရဲ့
College Essay Contest ခေါင်းစဉ်အောက်မှာပါ။ ဟုတ်တာပေါ့။ ကမ္ဘာကြီး
ဒီနေ့အခြေအနေရောက်အောင် တွန်းခဲ့တဲ့ အားတွေထဲမှာ ပညာရေးက အဓိက တွန်းအားတစ်ခုပေါ့။
ပညာရေးဟာ အစွမ်းထက်ပါတယ်။ ကောင်းပါတယ်။ အဲ့ဒီနောက် ပညာရေး ဆိုတာကို
အထူးစိတ်ဝင်စားမိနေရင်း ပညာရေးနဲ့ဆိုင်တဲ့ စာတွေကို အချိန်ရသလောက်
လက်လှမ်းမီသလောက် လိုက်ဖတ်နေရာက ဒီနေ့တော့ မကောင်းတဲ့ ပညာရေးတစ်ခုအကြောင်း
articlesbase.comမှာ ဖတ်လိုက်ရပါတယ်။ အမိန့်အာဏာပေါ်မှာ တည်ဆောက်ထားတဲ့ ပညာရေးတဲ့။
ဖတ်မိခဲ့တာကို နားလည်သလို ပြန်ပြောပါမယ်။
"ပညာရေးမှာ
အာဏာရှင်ဆန်မှုကို ပညာရေးမှာ စီမံပိုင်ခွင့် ရှိသူတွေက ဖန်တီးတာပဲ။
ရည်ရွယ်ချက်က ပညာအသင်ခံရတဲ့ အအုပ်ချုပ်ခံတွေကို မမှန်တာတွေ
အယုံခိုင်းပြီး စိတ်တိုင်းကျ ကြိုးကိုင်ထားနိုင်ဖို့။
ကြိုးကိုင်လို့ရတဲ့ အခြေအနေ
ရောက်အောင် ပြင်ဆင်တဲ့ အနေနဲ့
ကျောင်းမှာ ကျောင်းသူ ကျောင်းသားတွေက ဆရာကို
စောဒကတက်
မေးခွန်းမထုတ်ရဘူး။ ဆရာပြောသမျှ လက်ခံရတယ်။
ဒီပညာရေးကြောင့် လူတွေက လွတ်လပ်မှု တရားမျှတမှုအစား အာဏာရှင်ကို လက်ခံလာတယ်။
အယူသီးမှုတွေ ရှိလာတယ်။ ယောင်ဝါးဝါးတွေ ဖြစ်လာတယ်။
ကိုးကွယ်ယုံကြည်မှုမှာလည်း
အမှန်တရားနဲ့ ဝေးလာတယ်။
အာဏာရှင်ဆန်တဲ့
ပညာရေးစနစ်မှာ တာဝန်ရှိသူတွေက သင်္ခန်းစာတွေကို ဆင်ဆာဖြတ်တယ်။
စိတ်တိုင်းကျ
စီမံတယ်။ ဒီနည်းနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ် တွေးခေါ်ခြင်းကို
သေတွင်းဆီ ပို့တယ်။
စောဒကတက် မေးခွန်းထုတ်တဲ့ ကျောင်းသူ ကျောင်းသားကို နှိမ်တယ်။