My Blog List

Monday, March 12, 2012

ကိုယ့်ချစ်သူထိရင် မခံနိုင်ကြသူများ


ကျွန်တော်တို့ နေ့တိုင်းစားနေကြတဲ့ အချိုမှုန့်ခေါ် အန္တရာယ်မှုန့်အကြောင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) တို့ ပူးပေါင်းပြီး အကြော်လုပ်ငန်းတွေ အကြော်မျိုးစုံ ကြော်တဲ့ နေရာမှာ ရေသန့်ဘူးတွေ ဆီထဲ ထည့်ကြော်မကြော် လိုက်စစ်ပြီး ကြော်တာ စစ်ဆေးတွေ့ရှိရင် စည်ပင်သာယာဥပဒေနဲ့ရော FDA ဥပဒေနဲ့ပါ နှစ်မျိုး အရေးယူသွားမယ် လို့ ဖတ်လိုက်ရလို့ ၀မ်းသာမိပါတယ်။

ရေသန့်ဘူးတွေဟာ ဓာတုနည်းနဲ့ ပြုလုပ်ထားတဲ့ ပေါ်လီမာ ပလတ်စတစ် တွေဖြစ်လို့ ဒါတွေကို အပူချိန်မြင့်မားတဲ့ ဆီပူပူထဲမှာ ထည့်ကြော်မယ်ဆိုရင် ပလတ်စတစ်တွေထဲက Bisphenol-A (BPA) အပါအ၀င် အဆိပ်ဒြပ်ပေါင်းများစွာ ထွက်လာပြီး အကြော်တွေထဲ စိမ့်ဝင်သွားပါတယ်။ ဒါတွေကို နေ့စဉ်နဲ့အမျှ စားမယ်ဆိုရင် လူသားတွေရဲ့ အာရုံကြောစနစ် နဲ့ မျိုးပွားစွမ်းရည်ကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ဆီးအိမ်ကင်ဆာ အပါအ၀င် ကင်ဆာရောဂါ အမျိုးမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒီလို အန္တရာယ် ရှိတဲ့ ရေသန့်ဘူးတွေ အကြော်စုံတွေထဲကို ဘာလို့ ထည့်ကြော်ကြရတာလဲ ဆိုတော့ အဲလိုရေသန့်ဘူး ထည့်ကြော်ထားတဲ့ အကြော်ဟာ အထူးကြွပ်မွနေပြီး အဲလို ကြွပ်ရွစားကောင်းမှုကလဲ အရမ်းကို တာရှည်ခံတယ်လို့ အကြော်လုပ်ငန်းအကူ အမျိုးသမီးတစ်ဦးက ပြောပြခဲ့ဖူးပါတယ်။

လူတင်မက သတ္တ၀ါတိုင်းမှာ မိခင်မေတ္တာဆိုတာ ရှိကြပါတယ်


စာမတတ်ရင် မျက်ကန်းတစ်ယောက်လို၊ဥာဏ်မျက်စိပါ ကန်းတတ်ဧ။်


လူ့ခန္ဓာကိုယ်အကြောင်း နောက်ထပ်သိသင့်သော အချက် ၁၆ ချက်

၁။ လူသားခန္ဓာကိုယ်မှာ နာရီတိုင်းဆဲလ် (ကလာပ်စည်း) ပေါင်း သန်းတစ်ထောင် အစားထိုးဖြစ်ပေါ်နေတယ်။
၂။ လူသားတစ်ယောက်ရဲ့ မျက်လုံးဟာ မီးခိုးရောင်ရဲ့ အရိပ်ပေါင်း ၅၀၀ ကို ပုံဖော်နိုင်စွမ်းရှိတယ်။
၃။ လူသားတွေမှာ နားတွေ၊ သွားတွေ၊ နှာခေါင်းတွေ ကြီးလာပေမယ့် မျက်လုံးကတော့ မွေးကတည်းက အရွယ်အတိုင်း သေတဲ့အထိပဲ။

ကျောက်ခဲ


ထုလို့ပဲခြေခြေ ကြေအောင်ပဲ  ကြိတ်ကြိတ် အစိတ်စိတ်ပဲ
 မွှာမွှာ အလွှာလွှာပဲ  လှီးလှီး ငြီးတွားလို့လဲ  ဒူမထောက် လက်မြောက်ပြီးလဲ  ရှုံးမပေး လမ်းဘေးရောက်လဲ 
ဝမ်းမနည်း ဘ၀ကိုက   ကျောက်ခဲလေ။

ဟာသ စားသားများ


ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။

Teaching Funny


Funny Football Training