My Blog List

Monday, March 12, 2012

ဟာသ စားသားများ


ဆရာမ - ခြံစည်းပေါ်မှာ ငှက် ၅ ကောင် နားနေတယ်။ တကယ်လို. တယောက် က သေနတ်နဲ. တချက် ပစ်လိုက်ရင်။ ငှက်ဘယ်နှကောင် ကျန်မလဲ။ ကဲ ဂျော်နီ ဖြေစမ်း။

ဂျော်နီ - ဘယ်နှကောင်မှ မကျန်ပါဘူး။ သေနတ်ဖောက်လိုက်တာနဲ. အားလုံး ထပျံကုန်မှာပါ။

ဆရာမ - အဖြေ မှန် က ၄ ကောင်ပါ။ မင်းအဖြေက မှားပေမယ်. မင်း၇ဲ. အတွေး အခေါ်ကို ကြိုက်တယ်။

ဂျော်နီ - ဒါဆို ဆရာမ ကို ကျွန်တော် မေးခွန်းတခုမေးမယ်နော်။


ဆရာမ - အင်း မေး။

ဂျော်နီ - အမျိုးသမီး ၃ ယောက် ခုံတန်းရှည်ပေါ်မှာ ရေခဲမုန်.ထိုင်စားနေကျတယ်။ ပထမတစ်ယောက် က ရေခဲမုန်. ကို ဘေးကနေ လျှာ နဲ. လျှက်နေတယ်။ ဒုတိယ တစ်ယောက် ရေခဲမုန်.ကို အပေါ်က နေ အားရပါးရ စုပ် နေတယ်။ တတိယ တစ်ယောက် က ရေခဲမုန်.ကို ကိုက်စားနေတယ်။ ဘယ်တယောက်က အိမ်ထောင်သည် လို.ထင်လဲ ဆရာမ။

ဆရာမ က ရှက်ရှက် နှင်.

ဆရာမ - အပေါ်က နေ အားရပါးရ စုပ် နေတဲ. သူက အိမ်ထောင်သည် ပေါ.ကွယ်။

ဂျော်နီ - မှားတယ်ဆရာမ ၊ သူတို.ထဲ က လက်ထပ် လက်စွပ်ရှိတဲ.သူ က အိမ်ထောင်သည် ပါ။ ဒါပေမယ်. ကျွန်တော် ဆရာမ အတွေးအခေါ်ကို သဘောကျတယ်။


ကြက်သားဟင်း မစားချင်ဘူးလား
စိတ္တဇဆေးရုံတွင်ဖြစ်သည်။
ဆေးရုံအုပ်.... “မနက်ဖြန် ကျန်းမာရေးဝန်ကြီး လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးတုန်း ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား...  လက်ခုပ်တီးတဲ့လူကို ကြက်သားဟင်းကျွေးမယ်”
နောက်တစ်နေ့တွင် ကျန်းမာရေးဝန်ကြီး လာရောက်စစ်ဆေးသည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး ဝန်ကြီးကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောသည်။
“ဟေ့ကောင်...မင်းဘာလို့ လက်ခုပ်မတီးတာလဲ။ ကြက်သားဟင်း မစားချင်ဘူးလားကွ..ဟေ...”

အန္တာရာယ်မဖြစ်အောင် လို့
 
ထမင်းစားပွဲ ကနေ ဒေါ်စိန်ဥ က
“ဂျမ်းစိန်”
“ရှင်...”
“အတို့အမြှပ်တွေ ပေါ် က ဘာတွေလဲ..”
“အသီးအရွက်ဖြန်းတဲ့ ပိုးသတ်ဆေးတွေ ပါ..မေမေကြီးတို့ စားရင် အန္တာရာယ်မဖြစ်အောင် ဖြန်းပေးထားတာပါ..”ဟူသတည်း။

ဘာကားမောင်းတာလဲ.

“ကားမောင်းသက် ဘယ်လောက်ရှိပြီလဲ”
“အနှစ် (၃၀) ပါ...”
“ယာဉ်တိုက်မှု ဖြစ်ဖူးသလား”
“တစ်ခါမှမဖြစ်ဖူးပါဘူး”
“ခွေးလေးးးးကြက်လေးတောင်မတိုက်ဖူးဘူးလား”
“မတိုက်ဖူးပါဘူး”
“၀င်းတံခါး၊ခြံတံခါး၊သစ်ပင် ဆိုတာမျိုးရော...”
“ဟင့်အင်း မတိုက်ဖူးပါဘူးဗျာ...”
“ဟုတ်ရဲ့လားဗျာ...”
“အဟုတ်ပါ..”
“ခင်ဗျား က ဘာကားမောင်းတာလဲ..”
“လယ်ထွန်စက်..”  ဟူသတည်း။

နောက်တစ်ယောက်
အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။ ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။
ဟေ့လူ. နေကောင်းလား…”
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.
ကောင်းပါတယ်. ကျေးဇူး
အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး. အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။
ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ.
ဟာ
ဒီလူတော့ ခက်ပြီ. ဘာလဲကွာ ဒီလိုနေရာမျိုးမှာ ဒီလို ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ.
စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။
ခင်ဗျားလိုပဲပေါ့ဗျာ.
ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။ ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။
ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား
ဗုဒ္ဓေါ
……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။
မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ..
ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။
နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့.

ထိုးဖို့ငါ့မိနစ်
လမ်းသွားလမ်းလာတစ်ယောက်က နာရီပတ်လာသူ တစ်ယောက်အား အချိန်မေးသည်တဲ့။
ဘယ်နှနာရီ ရှိပြီတုန်းဗျ
ထိုးဖို့ ငါးမိနစ်
ဘယ်နှနာရီထိုးဖို့ ငါးမိနစ်တုန်း
မသိဘူး လက်တံအတိုက ကျပျောက်ထားတာ ကြာပေါ့

မှတ်ချက်။  ။အွန်လိုင်းမှ ဖတ်သမျှ ဟာသများ ပြန်ဝေငှခြင်း။ 

No comments:

Post a Comment