ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ ဟာ ငယ်ငယ်လေးတည်းက ပညာရပ်တွေ
သင်ကြားခဲ့ကြရတယ် ။ တချို့ပညာရပ်တွေ ၊ သီအိုရီတွေက လက်တွေ့ မှာအသုံးချနိုင်တယ် ။
တချို့ ပညာရပ်တွေ သီအိုရီတွေ ကတော့ တွေ့မြင်နေရတဲ့
ပတ်ဝန်းကျင်နဲ့ဆက်စပ်ကြည့်လို့မရဘူး ။ အဲဒီချိန်ဆိုရင် ကျွန်တော်တို့ အများဆုံး
သိချင်တဲ့မေးခွန်းက ကျွန်တော်တို့ဘာကြောင့် ဒီပညာရပ်ကိုလေ့လာရတာပါလဲ
ဆိုတဲ့မေးခွန်းပါပဲ ။ ဆရာသမားတွေကိုမေးကြတယ် ။
ကျွန်တော်တို့လိုချင်တဲ့အဖြေရသည်လည်းရှိတယ် မရသည်လည်းရှိတယ် ။
My Blog List
Friday, March 9, 2012
ကျွန်တော့် အကို က သချာင်္ညံ့တယ်
နိုင်တီးနိုင်တိဆစ် မြန်မာ့ခရီးသွားနှစ်ပေါ့ ။ ကျွန်တော်က ၆ တန်း အကို ၁၀ တန်း
.... အိမ်ကလည်းပန်းလိုက်တာ မပြောပါနဲ့တော့ ။
ပြောင်းဖူးစေ့ရေလုံပြုတ်
ချဉ်ပေါင်ဟင်းနဲ့အုပ်ကြတယ် ။အလုပ်ကရှားပါး ၊ စပါးကပိုး စားတော့ သား ၂ယောက်ပညာရေး
မိဘတွေတွေးပူပြီ ပေါ့ .။ မိသားစုထမင်းဝိုင်းက ခါတိုင်းလို မသိုင်းဝန်း နိုင်
တော့ဘူး ။ သား ၂ ယောက်လုံးကျောင်းထားဖို့ အမေတို့အားနဲ့ မနိုင်တော့ဘူး တဲ့
။အမေ့ရဲ့စကား ကျွန်တော်ကြားတော့ မျက်လုံးကလေးမှိတ်လို့ တိတ်တိတ်လေးနေမိတယ် ။ အကို
ဆီက ထွက်လာတဲ့ အသံ ကျွန်တော့် ရင် ဘက် ကိုလာမှန်တယ် ။
" ညီလေးက သချာင်္တော်တယ် ၊
ကျွန်တော်ကသချာင်္ညံ့တယ် .... ညီလေးသာကျောင်းဆက်ထားလိုက်ပါ " ... တဲ့ ... ။
အကိုက ကျောင်းထွက်လို့
ကျွန်တော် ခုနှစ် တန်းတက်တယ် ။ အကို့နေရာ ရောက်ဖို့ နောက် ၄ နှစ်တောင်
ပိုက်ဆံကုန်ဦးမှာ နော် ၊ ဒါလေးတောင် အကို မတွက်တက်ခဲ့ ဘူး ။
ဟုတ်တယ် ..... ကျွန်တော့် အကို
က သချာင်္ညံ့တယ် ....။
ကျွန်တော့် အတွက် ကျောင်းလခ တစ်လ ကို ခြောက်ထောင် ကျတယ် ။ လူတစ်ယောက်လုပ်အားခ
တစ်ရက်ကို ၄၀၀ ရတယ် ။ အလုပ်ရှင်မှန် သမျှ က မာနလည်းကြီး ကြ ပေါ့ ဗျာ ....။
အကိုက ငယ်သေးတော့ တစ်ရက် ကို
၃၀၀ ပဲပေးမဲ့ သူရှိသတဲ့ ။ အကိုက တော့ ခပ်ပြုံးပြုံးအားလုံးဆီမှာ နေ့တိုင်း အလုပ်
ဝင်ခဲ့တယ် ။
သူ့အတွက် ငွေ ၁၀၀ နေ့ တိုင်း မှာ
နာနေတာ သူမတွက် တက် ခဲ့ ရှာဘူး ။
ဟုတ်တယ် .... ကျွန်တော့် အကို က သချာင်္
ညံ့တယ် ...။
ပျိုးအငှားနှုတ်တယ် ၊ ထင်းအငှားခုတ်တယ် ၊ မြောင်းအငှားတူးတယ် ၊ ချောင်းအငှားကူးတယ်
(ချောင်းရေလာတဲ့အခါ ပိုက်ဆံယူပြီး ပစ္စည်းထမ်းကူးပေးတဲ့အလုပ်) ၊ ထန်းသမားလုပ်တယ် ၊
ငုတ်လည်းတူးတယ် ၊ လွှလည်းဆွဲတယ် ၊ ပွဲစားလည်းလုပ်တယ် ၊ လက်သမားလုပ်တယ် ၊
တောင်သူလုပ်တယ် ၊ ....၊ အဟုတ်တကယ်ပါ ...
အကိုဘယ်အလုပ်လုပ် လဲမေးရင်
...အစုံသုပ်ပေါ့ကွ လို့ ရယ်ကျဲကျဲနဲ့ သူ ဖြေတက်တယ် ...။ ကိုယ်လုပ်တဲ့ အလုပ်တောင်
ဘယ်နှမျိုးရှိမှန်း အကို မတွက်တက်ခဲ့ ဘူး နော် ...။
ဟုတ်တယ် .... အကို ...ခင်ဗျား
သချာင်္ ညံ့ တယ် ။
အခု အကို့အသက်က ၃၀
ကျော် ၊ အကို့ထက် အငယ်တွေတောင် အိမ်ထောင်ကိုယ်စီကျကုန်ကြပြီ ။ ရွာထဲက
အဒေါ်တွေက အကို့ ကို စကြတယ် " ရွာစောင့် နတ်ကြီး အသက်ဘယ်လောက်ကြီးပြီလဲ ၊
အိမ်ထောင်မပြုသေးဘူးလား " ..တဲ့ ။
အကိုက ခပ်ပြုံး ပြုံးနဲ့
စကားခြောက်လုံး ပဲ ဖြေတယ် ။ " ကျွန်တော်ငယ်ပါသေးတယ်" ..တဲ့
...။ မိသားစုရေးငဲ့ကွက် အခုထက်ထိတောင် ကိုယ့်အသက် ကို မတွက်တက်သေးဘူး
နော်....
ဟုတ်တယ် .... ကျွန်တော့်အကို
က ခုချိန်ထိကို သချာင်္ ညံ့ နေတုန်းပါပဲ ။
(ရုပ်ဆိုး)by ရုပ် ဆိုး on Thursday, 8 March 2012 at 17:18 ·
မှတ်ချက် ။ ။ ကိုရုပ်ဆိုး ဆက်လက် အောင်မြင်ပါစေဗျာ...ညီနယ်သားလေး ဆုတောင်းလျှက်ပါ.။
အဖေ့
အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
(၇.၃.၂၀၁၂ တပေါင်းလပြည့်နေ့
အဖေများနေ့အတွက်)
အရိုင်းရဲ့အယဉ်
အယဉ်နဲ့တုခိုင်းတော့
ငါက အရိုင်း ......
နှိုင်းပစေပေါ့
သူတို့ရဲ့ ပေတံတွေကြားမှာ
ငါမှ စံ မမှီချင်ခဲ့ တာ .....
နိယာမ
ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။
ဥပေက္ခာ
သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....
သူတစ်ထူးရှေ့မှာ
အားနည်းချက်ရှိသူများသို့
လူတွေမှာ လိုတာထက်ပိုပြီး အားနာတတ်တာ ရယ်
သနားတတ်တာ ရယ်ဟာ အားနည်းချက်ပဲ ။
အခွင့်အရေးသမားတွေဆိုတာ လူတယောက်ရဲ့
အားနည်းချက်ကို ရှာဖွေအသုံးချ နေတတ်ကြတဲ့လူမျိုးတွေ
Subscribe to:
Posts (Atom)