My Blog List

Friday, March 9, 2012

အဖေ့


အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
(၇.၃.၂၀၁၂ တပေါင်းလပြည့်နေ့ အဖေများနေ့အတွက်)

အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
အဖေ့မှာ အားလပ်ချိန်နည်းတယ်...
ဒါပေမယ့် အချိန်တိုင်းဟာ မိသားစုအတွက်ပဲ....
အဖေဟာ သူရဲကောင်းတစ်ယောက်မဟုတ်ပါဘူး...
ဒါပေမယ့် မိသားစုဘ၀လုံခြုံစိတ်ချရဖို့
အကာအကွယ် ပေးစွမ်းနိုင်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ပဲ...
အမေ့ကိုချစ်သလို အဖေ့ကိုချစ်ပါ...
အမေ့ကို ဂရုစိုက်သလို အဖေ့ကို ဂရုစိုက်ပါ...
များသောအားဖြင့် သားသမီးတွေအတွက် အဖေဟာ အမေပြီးမှ
ဒုတိယနေရာထားခြင်းကို ခံရပေမယ့်
ပထမနေရာကို လုဖို့ ဘယ်တော့မှ မကြိုးစားကြသူတွေပါ....

ရေးသား ....ရုပ်ဆိုး

မှတ်ချက်။  ။ Facebook ကိုရုပ်ဆိုး page မှ ကူးယူဖော်ပြသည်။လေးစားလျှက်ပါ နယ်သား။။

No comments:

Post a Comment