My Blog List

Showing posts with label အတွေးအခေါ်ဆိုင်ရာ ဆောင်းပါး. Show all posts
Showing posts with label အတွေးအခေါ်ဆိုင်ရာ ဆောင်းပါး. Show all posts

Tuesday, July 3, 2012

ကမ္ဘာကျော်များ ပြောသောစကား



အင်တယ်လ် အိုင်တီသူဌေးကြီး ဘီလ်ဂိတ်

ခင်ဗျားသာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာခဲ့ရင် အဲဒါ ခင်ဗျား အမှား မဟုတ်ဘူးဗျ။

ဒါပေမဲ့ ချို့ ချို့ တဲ့တဲ့နဲ့ သေသွားရင်တော့ ခင်ဗျား အပြစ်ပဲနော်။


သူတော်စင် ၀ိဝေကနန္ဒ

တကယ်လို့ နေ့တစ်နေ့အတွင်းမှာ ပြဿနာ တစုံတရာကို သင်မကြုံခဲ့ရသေးဘူး ဆိုရင် သင် လမ်းမှားပေါ် လျှောက် နေပြီဆိုတာ သိပ်သေချာနေပြီ။



ပြဇာတ်ဥသျှောင် ၀ီလျှံ ရှိတ်စပီးယား

အောင်ပွဲရဖို့ဆိုတာ အကြောင်းသုံးချက်ပြည့်စုံရတယ်။

- တခြားသူတွေထက် ပိုသိရမယ်

- တခြားသူတွေထက် ပို ကြိုးစားရမယ်

- အဲ… တခြားသူတွေလောက်တော့ အလှမ်းမကျယ်စေနဲ့။



နာဇီစစ်အာဏာရှင် အဒေါ့ဖ် ဟစ်တလာ

စစ်တိုက်လို့ နိုင်နေသမျှ မင်းရှင်းပြစရာ မလိုဘူးကွ။ အေး-----စစ်ရှုံးလာပြီ ဆိုရင်လည်း ဘာကြောင့်ဆိုတာ ရှင်းပြဖို့ မင်း အသက် မရှင်နဲ့တော့။



အလန် စထရိုက်

ကမ္ဘာပေါ်က ဘယ်သူနဲ့ဖြစ်ဖြစ် သင့်ကိုယ်နဲ့ မနှိုင်းမိပါစေနဲ့။ တကယ်လို့ နှိုင်းယှဉ်မိလိုက်ရင်တော့ သင့်ကိုယ်သင် စော်ကားလိုက်တာပဲ။



ကရုဏာရှင် မာသာထရီဇာ

မြင်နေရတဲ့ တို့ရှေ့ ကလူတွေကို တို့များတတွေ မချစ်နိုင်သေးသမျှ မမြင်ဖူးသေးတဲ့ အဖဘုရားသခင်ကို ကြည်ညိုနိုင် ပါ့မလား ကလေးတို့ရယ်။



စကိတ် ချန်ပီယံ ဘော်နီ ဘလဲရ်

အနိုင်ရတယ်ဆိုတာ တကယ်ဆိုတော့ ပြိုင်ပွဲမှာ ပထမရတာ မဟုတ်ဘူးရှင့်။ အရင်တုန်းကထက် ပိုကောင်းတာကို ရှင်တို့ ကျွန်မတို့ လုပ်နိုင်လိုက်တာပါဘဲ။



တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ် မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲ ကြေငြာမယ်။



ဂန္တ၀င် စာရေးဆရာကြီး လီယိုတော် စတွိုင်း

လူတွေက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲဖို့ ကြိုးစားနေကြတာ၊ ကိုယ့်ကိုကိုယ် ပြုပြင်ဖို့တော့ တစ်ယောက်မှ မစဉ်းစားကြဘူး။


အမေရိကန် သမ္မတကြီး အေဗရာဟင် လင်ကွန်း

လူတိုင်းကို အယုံလွယ်တာ အန္တရာယ်များတယ်ဗျ။ အဲ တစ်ယောက်ကိုမှ မယုံရင်တော့ သိပ်ကို အန္တရာယ် ရှိနေပြီ။



ရူပဗေဒ ပညာကျော် အဲလ်ဘတ် အိုင်စတိုင်း

တကယ်လို့များ ဘ၀တစ်လျှောက်လုံး အမှားတစ်ခုမှ မပြုဖူးဘူးလို့ ထင်ထားခဲ့ရင် ဘာတစ်ခုကိုမှ ဆန်းသစ်ဖန်တီးဖူးတာ မရှိဘူးလို့ မှတ်ပါလေ။


မင်းသားကြီး ချားလ်စ်

ဘ၀မှာ ကျင့်ဝတ်လေးဖြာကိုတော့ မချိုးဖောက်မိစေနဲ့ - ယုံကြည်မှု၊ ကတိ၊ ခင်မင်ခြင်းနဲ့ နှလုံးသားတို့ပဲ။ ချိုးဖောက်မိရင် တော့ အသံမကျယ်ပေမဲ့ နာကျင်မှုဆိုတာ အထွတ်အထိပ်ရောက်လိမ့်မယ်။


Sunday, April 29, 2012

ရင့်ကျက်သောစိတ် (1-2)



လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီး တက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။  အသက် အရွယ်ကြီး ပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ  ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ် အဝေါ် တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။  အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။
လူကြီးတွေက ကလေးသူငယ်တွေမှာ မရှိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေပါတယ်။ အမြင် သာ ဆုံးကတော့ ရုပ်ပိုင်ဆိုင်ရာ ခွန်အားပါ။ ကလေးငယ်တယောက် စိတ်ဆိုးတဲ့ အခါ ဖျက်လို ဖျက်ဆီးလုပ်တတ်သလိုမျိုး လူကြီးတယောက်က စိတ်ဆိုးမာန်ဆိုး ဖျက်ဆီးမယ်ဆိုရင် ပျက်စီးမှု ပမာဏအတိုင်းအတာဟာ ကလေး သူငယ်က လုပ်တာထက် အများကြီး ပိုကြီးမား ပါမယ်။ ဒါကြောင့် သူငယ်နာ မစင်တဲ့ လူကြီးတွေဟာ လောကအတွက် အလွန် အန္တရာယ်ကြီး တယ်လို့  ပြောနေကြ တာပါ။
လူတယောက်ဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သြဇာရှိတဲ့သူ ဖြစ်လာပါတယ်။ မိဘတယောက် ဖြစ်လာတယ်။ ဆရာတယောက် ဖြစ်လာတယ်။ အလုပ်ရှင် တယောက်  ဖြစ်လာတယ်။ အလုပ်သမား ခေါင်းဆောင်တယောက် ဖြစ်လာတယ်။ အရာရှိ တယောက် ဖြစ်လာတယ်။ အကြီးအကဲ တယောက် ဖြစ်လာတယ်။ တစုံတယောက် အပေါ်မှာတော့ သြဇာရှိလာတာပါပဲ။ သြဇာ မရှိဘူးဆိုတဲ့ လူကြီးဆိုတာ ရှားပါတယ်။ ဒါကြောင့် လူကြီး တယောက်ရဲ့ စိတ်ဓာတ်ဟာ အသက်အရွယ်နဲ့ အညီ ဖွံ့ ဖြိုးရင့်ကျက်လာခြင်းမရှိဘဲ ကလေးသူငယ်အဆင့်မှာပဲ ရပ်တံ့နေမယ်ဆိုရင် သူ့ သြဇာအောက်မှာ ရှိတဲ့သူတွေ  ဘယ်လောက် ဆင်းရဲကြမလဲ။
အသက်အရွယ်ကြီးလာတာနဲ့ အမျှ ပိုင်ဆိုင်မှုတွေ များလာပါတယ်။ လက်နက် အသုံး အဆောင်တွေ များပြားလာသလို မိတ်ဆွေသင်္ဂဟတွေ အသင်းအပင်းတွေ များပြား လာပါတယ်။ လူကြီးတယောက်ဟာ လက်နက် အသုံးအဆောင်တွေကို အသုံးပြုပြီး သူ့ ရဲ့ စွမ်းအားကို ချဲ့ ထွင်နိုင်သလို အသင်းအပင်းအဖွဲ့ အစည်းတွေမှာ ၀င်ရောက်ပြီး တယောက်တည်း မလုပ်နိုင်တဲ့ အလုပ်တွေကို စွမ်းဆောင်နိုင်ပါတယ်။ သည်လို စွမ်းအားရှိတဲ့ လူကြီး တယောက်က ကလေးသူငယ်စိတ်ဓာတ်လောက်နဲ့  ဦးဆောင်နေမယ်ဆိုရင် သူဖန်တီးမယ့် ဘေးအန္တရာယ်ဟာ အကန့်အသတ် ရှိမှာ မဟုတ်ပါ။

Thursday, April 19, 2012

ခွန်အား စိတ်ဓာတ် II


လူ့ဘဝ
အသက်အရွယ်နဲ့ မဆိုင်ပါဘူး... စိတ်ဓာတ်နုပျိုဖို့ပဲ အဓိကကျတယ်။

အဝတ်အစား
ခေတ်မီ မမီနဲ့ မဆိုင်ပါဘူး... သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့လိုက်ဖက်ဖို့ပဲ အဓိကကျတယ်။

အစားအသောက်
အစားကောင်း အသောက်ကောင်းနဲ့ မဆိုင်ပါဘူး.... အာဟာရမျှတဖို့ပဲ အဓိကကျတယ်။

အိမ်
အကြီး အသေးနဲ့ မဆိုင်ပါဘူး.... သန့်ရှင်း ချမ်းမြေ့ဖို့ပဲ အဓိကကျတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း
နွေ မိုး ဆောင်းရာသီနဲ့ မဆိုင်ပါဘူး.... အမြဲ ဇွဲရှိရှိလုပ်နိုင်ဖို့ပဲ အဓိကကျတယ်။

သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ (ဆရာဖေမြင့်)


တချို့လူက ပျင်းသည်။ တချို့လူက ဝီရိယကောင်းသည်။ ဝီရိယရှိ မရှိမှာ ပင်ကိုသဘော
ပါသလို မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါသဘောလည်း လွှမ်းမိုးသည်။ တချို့ဝန်းကျင်၌ ပေါ့ပေါ့
နေ ပေါ့ပေါ့စား သမားများသည်။ တချို့ဝန်းကျင်က ဝီရိယကောင်းသူတို့ စုဝေးရာ ဖြစ်သည်။ အ
လုပ်ကို တန်ဖိုးထားသော၊ အလုပ်လုပ်မှ အကျိုးခံစားရမည်ဟု ယုံကြည်သော၊ အလုပ်လုပ်ရခြင်း၌
မွေ့ေ လျာ်ပျော်ပိုက်သော သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ ပင်ကိုပျင်းရိသူတို့ပင် တဖြည်းဖြည်း လုံ့
လ ထုတ်သောအကျင့် ရလာတတ်သည်။ အလုပ်ကို ဝန်ထုပ်ဝန်ပိုးဟု သဘောထားသူ၊ ဘာမှ မ
လုပ်ဘဲ ရသည့်အရာမှ တကယ်`တန်’သည်ဟု မှတ်ယူသူတို့ ဝန်းကျင်၌ ထကြွလုံ့လသမားသည်
လှောင်ပြောင်ရယ်မောစရာ၊ လောဘကြီးသူဟူ၍ ပြစ်တင်ရှုတ်ချစရာ ဖြစ်နေတတ်သည်။ သည်
ပတ်ဝန်းကျင်မျိုးမှာ အနေကြာသော် ပင်ကိုဝီရိယသမားသည် တစ်စတစ်စ လုံ့လလျော့သွား တတ်

Friday, April 6, 2012

ခေါင်းဆောင်ဖြစ်လိုသူများ အတွက် ကမ္ဘာကျော်တို့၏ အဆိုအမိန့်အချို့

သီလစမ်းနည်း

လူတိုင်း အတိုက်အခိုက်ဒဏ်ကို ခံနိုင်ကြသော်လည်း အာဏာဒဏ်ကို မခံနိုင်။ လူတစ်ယောက်၏ သီလကို စမ်းသပ်လိုလျှင် အာဏာပေးလိုက်ပါ။
(အေဘရာဟင် လင်ကွန်း)

ခေါင်းဆောင်ကောင်း ဆိုသည်မှာ

 
လူတစ်ယောက်ကို လေ့ကျင့်ပေးရန်ထက် ဖြုတ်ပစ်ရန်က ပိုလွယ်သည်။ ခေါင်းဆောင်ကောင်းများသည် လူများကို အလုပ်ဖြုတ်ရာ၌ နာမည်ကျော်သူများ မဟုတ်ကြ။ လူများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာ၌သာ နာမည်ကျော်သူများ ဖြစ်သည်။
(အမည်မသိ)


ခေါင်းဆောင်ဖြစ်ထိုက်သော လူနည်းစု

လူအတော်များများက အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို သိကြသော်လည်း လူအနည်းငယ်ကသာ သူတို့ မည်သို့ ပြောင်းလဲသင့်ကြောင်း သိကြပေသည်။
(လီယို တော်စတွိုင်း)

အမြင့်မားဆုံး ခေါင်းဆောင် ဆိုသည်မှာ

သူ့မှာ ရှိသော အသိဥာဏ်ပညာနှင့် စွမ်းရည်ထက် သာလွန်အောင် (လူအများကို) လုပ်ပေးလိုသူသည် အမြင့်မားဆုံး ခေါင်းဆောင် ဖြစ်သည်။
(ဖရက်ဒ် အေ မန်းစ်ကေး)

ခေါင်းဆောင်ရွေးရင် ဘာကို ဦးစားပေးမလဲ

ခေါင်းဆောင်မှု ဆိုသည်မှာ မဟာဗျူဟာနှင့် သီလ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ခုသာ ရနိုင်မည် ဆိုလျှင် မဟာဗျူဟာ (ရှိသူ) ထက် သီလ (ရှိသူ) ကို ဦးစားပေးပါ။
(အိပ်ခ်ျ နော်မန် ရှဝါ့ဇ်ကော့ပ်)

ခေါင်းဆောင်ဖြစ်ချင်ရင်

 
လူတွေ၏ ဦးခေါင်းထိပ်ကို လက်သီးနှင့် ထိုးပြီး ခေါင်းဆောင်၍ မရ။
(ဒွိုက် ဒီ အိုက်ဆင်ဟောင်ဝါ)



ခေါင်းဆောင်ကောင်း၏ တန်ဖိုး

ခြင်္သေ့တစ်ကောင် ဦးဆောင်သော သိုးတပ်က သိုးတစ်ကောင် ဦးဆောင်သည့် ခြင်္သေ့တပ်ကို အောင်နိုင်၏။
(အာရပ်စကားပုံ)

 ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်ချင်ရင်

“မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ”

“If you are neutral in a situation of injustice, you have chosen to side
with the oppressor.”
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဒေါက်တာ မာတင်လူသာကင်း)
(ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး)
 မှတ်ချက်။   ။အွန်လိုင်းမှ နာမည်ကျော်တို့ရဲ့ အဆိုအမိန့်လေးတွေ စညစည်းထားတာ ပြန် မျှဝေတာပါ။