My Blog List

Thursday, April 19, 2012

သူတစ်ပါးကိုပဲ လက်ညှိုးထိုးချင်သူ (ဆရာဖေမြင့်)


တချို့လူက ပျင်းသည်။ တချို့လူက ဝီရိယကောင်းသည်။ ဝီရိယရှိ မရှိမှာ ပင်ကိုသဘော
ပါသလို မုဆိုးနားနီးမုဆိုး၊ တံငါနားနီး တံငါသဘောလည်း လွှမ်းမိုးသည်။ တချို့ဝန်းကျင်၌ ပေါ့ပေါ့
နေ ပေါ့ပေါ့စား သမားများသည်။ တချို့ဝန်းကျင်က ဝီရိယကောင်းသူတို့ စုဝေးရာ ဖြစ်သည်။ အ
လုပ်ကို တန်ဖိုးထားသော၊ အလုပ်လုပ်မှ အကျိုးခံစားရမည်ဟု ယုံကြည်သော၊ အလုပ်လုပ်ရခြင်း၌
မွေ့ေ လျာ်ပျော်ပိုက်သော သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၌ ပင်ကိုပျင်းရိသူတို့ပင် တဖြည်းဖြည်း လုံ့
လ ထုတ်သောအကျင့် ရလာတတ်သည်။ အလုပ်ကို ဝန်ထုပ်ဝန်ပိုးဟု သဘောထားသူ၊ ဘာမှ မ
လုပ်ဘဲ ရသည့်အရာမှ တကယ်`တန်’သည်ဟု မှတ်ယူသူတို့ ဝန်းကျင်၌ ထကြွလုံ့လသမားသည်
လှောင်ပြောင်ရယ်မောစရာ၊ လောဘကြီးသူဟူ၍ ပြစ်တင်ရှုတ်ချစရာ ဖြစ်နေတတ်သည်။ သည်
ပတ်ဝန်းကျင်မျိုးမှာ အနေကြာသော် ပင်ကိုဝီရိယသမားသည် တစ်စတစ်စ လုံ့လလျော့သွား တတ်

သည်။

'အလုပ်' သို့မဟုတ် လုံ့လဝီရိယအပေါ် ထားရှိသည့် သဘောထားချင်း မတူသော ပတ်ဝန်း
ကျင် နှစ်ခု အကြောင်းကြောင်းကြောင့် ဆုံစည်းမိသည့်အခါ တစ်ယောက်ကိုတစ်ယောက် နားမ
လည် နိုင်စရာအကြောင်းမျိုး ကြုံရတတ်သည်။ Who prosper? စာအုပ်ရေးသားသူ Lawrence
E.Harrison ကတစ်ခါတုန်းက ကော်စတာရီကာနိုင်ငံမှ အဖြစ်အပျက်ကလေးတစ်ခုကို ပြန်၍
ဖောက်သည်ချသည်။ ကော်စတာရီကာ(Costa Rica)ဆိုသည်မှာ တောင်-မြောက် အမေရိက
နှစ်တိုက်ကြား အလယ်ပိုင်း အမေရိကဟု ခေါ်သော နေရာမှာ ရှိသည့် မချမ်းသာသော တိုင်းပြည်
ကလေး တစ်ခုဖြစ်သည်။ အဲသည် ကော်စတာရီကာသို့ ထိုင်ဝမ်မှ တရုတ်စိုက်ပျိုးရေးပါရဂူ အဖွဲ့
တစ်ဖွဲ့ ရောက်ရှိကာ အထူးအထွက်တိုး စပါးစိုက်ခင်းတစ်ခင်း သရုပ်ပြစိုက်ပျိုးကြသည်။ စိုက်ခင်း
အလုပ်များ ပြည့်စုံပီပြင်ပြီ ဆိုသည့်အခါ ကော်စတာရီကာ လယ်သမားများအား လာရောက် လေ့
လာရန် ဖိတ်ခေါ်သည်။ သည်လူတွေက စိုက်ခင်းကို လှည့်လည်ကြည့်ရှုပြီး သဘောကျကြသည်။
စပါးတွေက အောင်မြင်လှသည်။ သူတို့ဆီက ပုံမှန်နှုန်းထားနှင့် နှိုင်းစာလျှင် အဆမတန် အထွက်
ကောင်းလှသည်။ အားကျစရာ။

သို့သော် လေ့လာသူများထဲမှ တစ်ယောက်က တရုတ်စိုက်ပျိုးရေး သမားအား မေးသည်။
ခင်ဗျားတို့ တစ်ရက်မှာ ဘယ်နှနာရီ အလုပ်လုပ်ရသလဲဟူ၍။ တရုတ်လယ်သမားက သူတို့တစ်နေ့
မှာ ၁၂ နာရီအလုပ်လုပ်ကြောင်း ဖြေသည့်အခါ ကော်စတာရီကာ လယ်သမားက လှောင်သလို
ပြုံးကာ၊ 'ဟား၊ အဲဒီလောက် လုပ်မှတော့ အဲဒီလောက် ထွက်တော့မှာပေါ့ဗျ' ဟုဆိုသည် တ့။ဲ မှန်
သည်။ သူတို့ဆီက သည်လိုမှတ်ချက်မျိုး ထွက်လာတာ ဘာမျှအံ့သြစရာမရှိ။ သူက တရုတ်တွေမှာ
ဘယ်လို ထူးဆန်းအံ့သြဖွယ် နည်းလမ်းတွေ ရှိသလဲ သိချင်၍ လာကြည့်ခြင်း ဖြစ်သည်။ သည်
လောက် လုပ်ပြီးမှရတာကတော့ ဘာလုပ်ရမှာလဲဟု သူ သဘောထားသည်။ သူကအလုပ်များများ
လုပ်ချင်သူမဟုတ်။ ခပ်ချောင်ချောင် အောင်မြင်မည့် နည်းလမ်းရှိသလား။
အဲဒါဆိုလျှင် သူစိတ်ဝင်စားမည်။ သို့သော်လောကကြီးမှာ အချောင်ရသောအရာ ရှားပါးလှ
သည်။ ထူးခြားထိရောက်သည့် နည်းလမ်းတွေ၊ ခေတ်မီဆန်းသစ်သော နည်းပညာတွေ ဆိုတာက
လည်း တန်ခိုးဣဒ္ဓိပါဒ်တွေမဟုတ်။ လိုတရဆုတွေမဟုတ်။ အထောက်အကူပြုသောအရာ၊ နဂို
ထက်ပို၍ တစ်ပန်းသာစေသော အရာများသာဖြစ်သည်။ သူတို့ကုသိုံးပြီး အလုပ်လုပ်ဖို့တော့ လို
သေးသည်။

လောက၌ တိုးတက်ကြီးပွား နေသူတွေသည် နည်းနာလည်းသိ၊ ဝီရိယလည်း ရှိသူတွေ
ဖြစ်သည်။ တချို့က နည်းလမ်းလည်း မရှာ၊ ကြိုးလည်း မကြိုးစား၊ သူတစ်ပါး ကြီးပွားသည့်အခါ
အမနာပ ပြောကြသည်။ ကိုယ်မကြီးပွားသည့်ကိစ္စအတွက် ကံကိုယိုးမယ်ဖြွဲ့ကသည်။ တချို့ကျ
တော့လည်း ကိစ္စတစ်ခု မဖြစ်မြောက်လျှင် အဲဒါဘာကြောင့်လဲ မစဉ်းစား၊ အကြောင်းရင်းမှန်ကို
ဖော်ထုတ်ဖို့ မကြိုးစား၊ နီးရာလူကို လက်ညှိုးထိုးကာ အပြစ်ပုံချတတ်သည်။ သည်လိုလွှဲချသော
နည်းဖြင့် ပြဿနာပြေလည် မသွားနိုင်။ မအောင်မြင်ရခြင်း အကြောင်းရင်းမှန်ကို ရှာမတေ့နွိုင်။
မကုစား၊ မဖြေရှင်းနိုင်။ အဲသည်ကိစ္စမှ ဘာသင်ခန်းစာမျှ မရလိုက်သည့်အခါ နောက်တစ်ကြိမ် အ
လားတူ ကိစ္စမျိုး ကြုံလာလျှင်လည်း ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ဦးမည် မဟုတ်။ ကြီးပွား
တိုးတက်ရန် ရေခံမြေခံကောင်း ရှိပါလျက် ကိုယ်လွတ်ရုန်းတတ်သော ဓလေ့စရိုက်များသည်လည်း
အရေးကြီးသော အကြောင်းရင်းတစ်ရပ် ဖြစ်နေတတ်သည်။ ဖံြွ့ဖိုးတိုးတက်ရေး အကြံပေး ပုဂ္ဂိုလ်
Michael Fairbanks က Changing the Mind of Nation အမည်ရှိ စာတမ်းတွင် ကုလိံဘီယာ
ပြည်မှ အတွေ့အ ကြုံတစ်ရပ်ကို နမူနာအဖြစ် ပြသည်။

တောင်အမေရိကတိုက် မြောက်ဖျားရှိ ကိုလံဘီယာပြည်တွင် နိုင်ငံ့နယ်မြေ၏ သုံးပုံတစ်ပုံ
နီးပါးခန့်သည် သဘာဝစားကျက် မြက်ခင်းကြီးများ သဖွယ်ဖြစ်ရာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များ အလွယ်
တကူ ဖြစ်ထွန်းသည်။ တိရစ္ဆာန်တွေပေါလျှင် တိရစ္ဆာန်သားရေများလည်း ပေါများသည်ဖြစ်ရာ ပိုက်
ဆံအိတ်၊ လက်ကိုင်အိတ် စသည့် သားရေထည်ပစ္စည်းများ ပြုလုပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တင်ပို့
နိုင်က အကြီးအကျယ် အကျိုးအမြတ်ရစရာ အကြောင်းရှိ၏။ သို့သော် ကိုလံဘီယာ၏ သားရေ
ထည်လုပ်ငန်းသည် အခြေအနေမကောင်း၊ ကမ္ဘာ့ဈေးကွက်သို့ တိုးမပေါက်နိုင် ဖြစ်နေသည်။ သူတို့
တိုင်းပြည်၏ အထက်ဘက် သိပ်မဝေးသောနေရာတွင် အရေးကြီးသည့် သားရေထည် ဈေးကွက်
ကြီး တစ်ခု ရှိနေသည်။ အမေရိကန် ဈေးကွက်။ သည်ဈေးကွက်ကို ထိုးဖောက်နိုင်လျှင် ကမ္ဘာအနှံ့
ဖြန့်ကျက်ဖို့ ဘာမှမခဲယဉ်းတော့။ သို့သော် သည်ဈေးကွက်မှာ သူတို့သားရေထည်တွေ နာမည်မရ။
လူသုံး အလွန်နည်းနေသည်။ သို့နှင့် ကိုလံဘီယာ သားရေပစ္စည်းတွေ ဈေးကွက်မှာ ဘာကြောင့် မ
အောင်မြင်ရသလဲ စူးစမ်းလေ့လာ အဖြေရှာကာ ပြုပြင်ရန်နည်းလမ်းများ အကြံပြုတင်ပြရန်အတွက်
သည်လိုကိစ္စမျိုးဘက်တွင် ကျွမ်းကျင်သည့် ကုမ္ပဏီတစ်ခုကို ငှားရမ်းအပ်နှံသည်။

ကုမ္ပဏီသည် အမေရိကန်ပြည်အနှံ့ရှိ သားရေပစ္စည်း လက်လီဆိုင် ၂၀၀၀ ခန့်မှ ပုဂ္ဂိုလ်များ
နှင့် လည်းကောင်း၊ နယူးယောက်မြို့သို့လာရောက်သည့် နိုင်ငံတကာမှ သားရေပစ္စည်း အဝယ်
တော်များ နှင့်လည်းကောင်း တေ့ဆွုံမေးမြန်းသည်။ ထိုနောက်ကြားသိရသည့် အချက်အလက်များ
ကို အနှစ်ချုပ် ထုတ်ကြည့်သည့်အခါ အဓိကအချက် နှစ်ချက် ထွက်လာသည်။ တစ်၊ ကိုလံဘီယာ
သားရေ ပစ္စည်းများ ဈေးအလွန်ကြီးသည်။ နှစ်၊ ကိုလံဘီယာ သားရေပစ္စည်းများ အရည်အသွေး
အလွန်ညံ့သည်။ သို့နှင့် ကုမ္ပဏီမှ လူများသည် ကိုလံဘီယာနိုင်ငံသို့ သွားရောက်ကာ သားရေ
ထည်ပစ္စည်း ထုတ်လုပ်သူများအား သူတို့ပစ္စည်းတွေ ဘာကြောင့် အရည်အသွေးညံ့ရသလဲ၊ ဘာ
ကြောင့် စချိံန်မမီသည့် ပစ္စည်းများကို ဈေးအလွန်အကျွံ တင်ထားရသလဲ မေးမြန်းသည်။ အဖြေက
ချက်ချင်းထွက်သည်။ 'ကျွန်တော်တို့အပြစ်မဟုတ်ဘူးဗျ' တ့။ဲ ပစ္စည်းထုတ်လုပ်သူများက ဆိုသည်။
သည်ကိစ္စသည် သားရေစက်ရုံ သမားများကြောင့် ဖြစ်ရကြောင်း သူတို့က ထောက်ပြကြ
သည်။ သူတို့တောင်အမေရိက ထဲတွင် သားရေကုန်ကြမ်း များများထွက်သည့် အာဂျင်တီးနား ရှိ
သည်။ ပစ္စည်းအရည်အသွေးလည်း မြင့်သည်။ သို့သော် အာဂျင်တီးနား သားရေကြောင့် သူတို့
ကိုလံဘီယာ သားရေသမားများ မထိခိုက်ရအောင် အစိုးရက သားရေသွင်းကုန်ကို အခွန်အတုတ်
တိုးမြှင့် ကောက်ခံသောနည်းဖြင့် ကာကွယ်ပေးထားသည်။ အဲဒါကြောင့်သူတို့မှာ သားရေညံ့ညံ့ကို
ဈေးကြီးပေးပြီး သုံးစွဲနေရသည်ဟု ဆိုသည်။ သို့နှင့်သားရေစက်ရုံသမားများထံ ဆက်လိုက်ကြသည်။

သားရေတွေ ညံ့ရခြင်းအကြောင်းရင်းကို မေးသည့်အခါ စက်ရုံသမားတွေက အေးအေး
ဆေးဆေး ပဲဖြေသည်။ ‘ကျွန်တော်တို့အပြစ် မဟုတ်ဘူးဗျ၊ သားသတ်ရုံကလူတွေကြောင့်ဖြစ်ရတာ၊
သူတို့ ပေးတ့သဲားရေတွေကိုက အရည်အသွေး ညံ့တယ်လေဗျာ၊ အသားက ဈေးကောင်းရတယ်
မဟုတ်လား၊ အဲဒီတော့ သားရေခွာတ့ကဲိစ္စမှာ သိပ်အပင်ပန်းခံ မနေကြဘူး၊ ပျက်စီးတာဘာညာ
သိပ်ဂရုမစိုက်ကြဘူး’ သို့နှင့် သားသတ်ရုံတွေဆီ ဆက်သွား ကြပြန်သည်။

စောစောက မေးခွန်းမေးတော့ စောစောကလူများလိုပဲ ဖြေသည်။ ကျွန်တော်တို့ အပြစ်
မဟုတ်ဘူး၊ နွားခြံပိုင်ရှင် တွေကြောင့် ဖြစ်တာတ့။ဲ
နွားခြံသမားတို့ ထုံးစံက နွားတွေမှာ အသားတံဆိပ် နှိပ်လေ့ရှိကြသည်။ ပိုင်ရှင်အမည်
အတိုကောက်၊ ခြံအမည် အတိုကောက် သို့မဟုတ် ခြံ၏အမှတ်သင်္ကေတကို သံတံဆိပ်တုံးလုပ်ပြီး
ရဲနေအောင်မီးဖုတ်ကာ နွားအရေပြားမှာ နှိပ်သည့်အခါ အရေပြား၌ထင်ရှားသော မီးလောင်ရာ အ
မှတ်တံဆိပ် ထင်သွားသည်။ သူ့နွား ကိုယ့်နွားကို သည်အမှတ် တံဆိပ်ဖြင့် ခွဲခြားရသည်။ ကိုလံ
ဘီယာတွင် နွားခိုးဂိုဏ်းတွေ သောင်းကျန်းနေပြီး နွားသူခိုးတွေက အမှတ်တံဆိပ်တွေ ဖျက်ကြ၊
ပြင်ကြ၊ တံဆိပ်ဟောင်းကို ဖုံးသွားအောင် တံဆိပ်သစ်ကြီးတွေ ရိုက်ကြနှင့် လုပ်လာသည့် အခါ
ပိုင်ရှင်တွေက တံဆိပ်ကို တစ်နေရာတည်းမရိုက်၊ နှစ်နေရာ သုံးနေရာ ရိုက်ကြသည်။ တံဆိပ်များ
သည့်အခါ အရေပြားပျက်ဆီးလေသည်။

ကိုင်း၊ ဒါဖြင့် နွားခြံတွေဆီ သွားရအောင်။ သူတို့ကနောက်ဆုံးကွင်းဆက် သို့မဟုတ် ပထမ
ဆုံး ကွင်းဆက်ပဲ။ အဲသည်မှာ အဖြေပေါ်မည်။ နွားခြံတွေဆီ ရောက်တော့၊ ဟာ သည်မှာလည်း
ကိစ္စ မပြတ်သေး။ အဲဒါ ကျွန်တော်တို့အပြစ် မဟုတ်ဘူးလို့ပဲ ဆိုပြန်သည်။ ဒါဖြင့်ဘယ်သူ့ အပြစ်
တုန်း၊ အပြစ်တင်စရာ ဘယ်သူကျန်သေးလို့တုန်း။ ကျန်သေးသည်တ့။ဲ တရားခံစစ်စစ်က သူတို့
နောက်မှာ ရှိသေးသည်။ ‘နွားတွေဗျာ၊ နွားတွေကိုက အသုံးမကျတာ’ တ့။ဲ ဟာ၊ နွားတွေက ဘယ်
လို အသုံးမကျဖြစ်ရတာတုန်း။

သူတို့က ရှင်းပြပါသည်။ ကွင်းပြင်ထဲက နွားတွေကို မှက်ကိုက်သည်။ နွားပဲ မှက်ကိုက်တာ၊
ဖြုတ်ကိုက်တာ ရှိမည်ပေါ့။ သဘာဝပဲ။ သို့သော် သည်နွားတွေဆိုးပုံက မှက်ကိုက်လို့ယားလျှင် နွား
ခြံ နယ်နိမိတ် သံဆူးကြိုးမှာ တိုးတိုက်ပြီး အယား ဖျောက်ကြခြင်း ဖြစ်သည်တ့။ဲ သံဆူးကြိုးကို တိုး
တော့ အရေပြားမှာ ခြစ်ရာတွေ ပေါ်သည်ပေါ့။ သည်အကောင်တွေ သည်အကျင့် မဖျောက် သရွေ့
တော့ နွားသားရေတွေ အနာအဆာ ကင်းနိုင်မည် မဟုတ်တ့။ဲ လမ်းကဆုံးသွားပြီ။ ကိုလံဘီယာက
သားရေအိတ်တွေ နိုင်ငံခြားဈေးကွက်မှာ မဝင်ဆံ့ရခြင်းသည် ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏
ချို့ယွင်းချက်ကြောင့်မှမဟုတ်၊ ကိုလံဘီယာ နွားတွေကိုယ်တိုင်က တုံးလွန်းသောကြောင့်သာ ဖြစ်
နေသည်။ သည်နွားတွေ စဉ်းစားဉာဏ်ရှိလာအောင် ဘယ်လိုလုပ်ကြမည်လဲ။ သည်ကိစ္စ ဘယ်သူမျှ
ဝင်ရောက်ဖြေရှင်းပေးနိုင်မည် မဟုတ်ပါ။

ကိုယ့်ကိုကိုယ် မကယ်ဆယ်သောသူအား မည်သူမျှ ကယ်ဆယ်(ကူညီ)နိုင်လိမ့်မည်မဟုတ်
ဟူသော စကားရှိသည်။ ပြဿနာကို ရှောင်တိမ်းနေခြင်းသည် ကိုယ့်ကိုကိုယ် မကယ်ဆယ်ခြင်း
ဖြစ်သည်။ တစ်နည်းဆိုရသော် မိမိအကျိုးစီးပွားကို မိမိမျက်ကွယ်ပြုခြင်း ဖြစ်သည်။ မိမိကောင်းကျိုး
ကို အလေးထားသူမှန်က ကိုယ်ကြုံရသည့် ပြဿနာကို ရဲရဲ ကြည့်ကာ အဖြေရှာဖို့ လိုပေမည်။ အ
ကြောင်းရင်းမှန်က ဘာလဲ၊ ငါဘယ်လို ဖြေရှင်းမည်လဲ စဉ်းစားရှာဖွေကာ လုပ်သင့် လုပ်ထိုက်သမျှ
ကို အားထုတ်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။

[Beauty ၂၀၀၃၊ ဧပြီ]
မူရင်း။ ။ ဆရာဖေမြင့် (တန်ဖိုးထားအပ်သောအရာများစာအုပ်မှ)


မှတ်ချက်။     ။ဆောင်းပေါင်း ဆရာ ဖေမြင့်အား လေးစား လျှက်ပါ။

No comments:

Post a Comment