My Blog List

Tuesday, March 27, 2012

ဟာသ အတိုများ စုစည်းမှု


ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’
 ဆက်သွယ်လိုလျှင် 

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’


မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’

funny photo

ကြော်ငြာတဲ့ အတိုင်း ကိုယ်လည် အဲဒီလိုများ လှလာ မလာလို့
အချစ်လေး ကို တောက ပြန်လာရင် စားဖို့ ဘာချက်ထားလဲ...အကိုပြန်လာနေပြီးနော်
မျက်တောင် မခက်နဲ့ ဒီကြည့်...
သေတာဘဲ...ဂိမ်းတော့ ဆော့ချင်တယ် ပိန်းဥ မစားချင်ဘူးတဲ့
တိုင်စာနဲ့ ပစ်စာ မှားပြီး ကြားတာလား မသိဘူး ဥက္ကဌကြီးက
Internet ခေတ်ကြီး
တခါတစ်လေ ထင်တာ မြင်တာနဲ့
တစ်ခြားစီဖြစ်တတ်ပါတယ်....ပုံကြည့်

ကြက်ဥနဲ့ ကြက်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoor19Rg57gX-bObMF2w7vsHX6G25InLSTABsISv-6cm-4ZEvFv1wLNrbw-JoG5MFbTxSfLd34Q3_r_d45KGSOxFvcBHbKOirhvKfjh2yEJlFpRlB4zxhsCRej1TuIQTONicCa7287rr7c/s320-r/babyChick.jpg
နတ်ကိုးကွယ်လို့ တရုတ်အမဲလို့ ခေါ်တဲ့ ၀က်သား ရှောင်တယ်။ စပါးစိုက်ပေးလို့ နွားကို မစားဘူး။ သားကြီး ငါးကြီး မစားဘူး။ အဲဒီတော့ ကြက်ကိုပဲ စားကြတယ်။ တချို့ သတ်သတ်လွတ် စားတဲ့ သူတွေက ကြက်ဥတော့ စားလို့ ရလို့ စားတယ်။ ကြက်သားနဲ့ ကြက်ဥကို စားလို့ ဘယ်တုန်းကမှ အပြစ်ကြီးကြီးမားမား ရှိမယ် မထင်ခဲ့ဘူး။ တနေ့က TV အစီအစဉ် တစ်ခုကြည့်လိုက်တော့မှ တစ်သက်လုံး မြင်ခဲတဲ့ အမြင်တွေ တစ်မျိုး ဖြစ်သွားတယ်။ အဲဒါကို သင့်တော်သလို ပြန်ရေးလိုက်တယ်။

ကြက်နဲ့ ကြက်ဥ ဘယ်က စရင် ကောင်းမလဲ။ ကြက်ဥက စရအောင်။ ကြက်ဥထုတ်ဖို့ ဥစားကြက်တွေကို သပ်သပ်မွေးပြီး ကြက်ဥ ထုတ်ပါတယ်။ ဥစား ကြက်ပေါက်ကလေးတွေ ဥကနေ ထွက်လာတာနဲ့ အထီးနဲ့ အမ ခွဲလိုက်ပါတယ်။ အထီးဆိုရင် ချက်ချင်း သတ်ပစ်လိုက်ပါတယ်။ မွေးထားရင် ကျွေးရတာပဲ ရှိမှာမို့ပါ။ သတ်တယ်ဆိုတာလည်း ဓါတ်ငွေ့ပေးပြီး သတ်တာပါ။ သက်သက်ညှာညှာ ဆိုပြီးတော့။ အင်မတန် ချစ်စရာ ကောင်းတဲ့ ကြက်ပေါက်လေးတွေကို မျက်စိထဲ မြင်ကြည့်မယ် ဆိုရင်တော့ ဒီလို အကောင် ပေါက်လေးတွေကို သတ်ဖို့ မပြောနဲ့ သေသွားရင်တောင် စိတ်ကောင်းမှာ မဟုတ်ဘူး။ မြန်မာပြည်မှာတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြက်ပေါက်လေးတွေ လိုက်ရောင်းပါတယ်။ ဒီလို ဥစားကြက် အထီးလေးတွေ ဖြစ်မှာပဲ။ အိမ်မှာ မွေးထားသေးတယ်။ အတော် ကြီးလာပြီးမှ သေသွားတယ်။ မြန်မာပြည်မှာပဲ ဒီလို ကြက်ထီးပေါက်လေးတွေကို ငုံးကြော်ဆိုပြီး ညာရောင်းတာလည်း ရှိပါတယ်။ ကြွတ်ကြွတ် ကြွတ်ကြွတ်နဲ့ စားကောင်းတယ် ထင်ရမယ်။