My Blog List

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, July 4, 2012

လူ ၊ လောက ၊ ကမ္ဘာ နဲ့ ငါ (သက်ထွေး)

မျှော်လင့်ချက်ကို
ထင်းစိုက်ချင်တဲ့သူတွေကြားထဲ
နေရတာ
ငါ့အတွက်တော့
မီးခိုးစော်နံတယ်။

ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါ...လူတွေထက်
ပိုပြီး သဘောကျတယ်။

Monday, March 12, 2012

ကျောက်ခဲ


ထုလို့ပဲခြေခြေ ကြေအောင်ပဲ  ကြိတ်ကြိတ် အစိတ်စိတ်ပဲ
 မွှာမွှာ အလွှာလွှာပဲ  လှီးလှီး ငြီးတွားလို့လဲ  ဒူမထောက် လက်မြောက်ပြီးလဲ  ရှုံးမပေး လမ်းဘေးရောက်လဲ 
ဝမ်းမနည်း ဘ၀ကိုက   ကျောက်ခဲလေ။

Saturday, March 10, 2012

လူ-'လ'ရေး နှစ်ချောင်းငင် လူ.


ရေးတော့တာ လွယ်လွယ်လေးနော်။ လူဖြစ်ဖို့ အတွက် အတိတ်က ကံကောင်းမှ ဖြစ်လာရတာလေ။
ဖြစ်လာပြန်တော့လည်း လောကဓံက ဖိစီးပြီး ဘ၀ကို တိုက်ပွဲဝင်ရပြန်ရော။
ပျော်ရွှင်မှုတွေ ခံစားရသလို၊၀မ်းနည်းမှုတွေလည်း ကြုံရပြန်ရော။
အချစ်တွေ ရသလို ၊အမုန်းဆိုတာလည်း မကြာခဏ ရနေတာပါပဲ။
သံယောဇဉ်တွေ အတွယ်တာတွေ မေတ္တာတွေ နဲ့ ပြည့်လျှံ နေတဲ့ လရေး နှစ်ချောင်းငင်လူပါ။

Friday, March 9, 2012

အဖေ့


အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
(၇.၃.၂၀၁၂ တပေါင်းလပြည့်နေ့ အဖေများနေ့အတွက်)

အရိုင်းရဲ့အယဉ်


အယဉ်နဲ့တုခိုင်းတော့
ငါက အရိုင်း ......
နှိုင်းပစေပေါ့
သူတို့ရဲ့ ပေတံတွေကြားမှာ
ငါမှ စံ မမှီချင်ခဲ့ တာ .....

နိယာမ


ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ဥပေက္ခာ


သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....

သူတစ်ထူးရှေ့မှာ

အားနည်းချက်ရှိသူများသို့


လူတွေမှာ လိုတာထက်ပိုပြီး အားနာတတ်တာ ရယ်
သနားတတ်တာ ရယ်ဟာ အားနည်းချက်ပဲ ။

အခွင့်အရေးသမားတွေဆိုတာ လူတယောက်ရဲ့
အားနည်းချက်ကို ရှာဖွေအသုံးချ နေတတ်ကြတဲ့လူမျိုးတွေ

Monday, February 27, 2012

အဖေ(အဝေး တစ်နေရာရောက် သားမှ အဖေ သို့)

"ပြည်ပတစ်နေရာက ငါ့သားကြီး ပြန်လာရင် ငါ့နဲ့မှ တွေ့ရပါတော့မလားလို့ phone ထဲကနေ ပြောခဲ့တဲ့ ဖေဖေ”

အဖေရယ်... ဘာသာရေး ကိုအလေးအနက် ထားတဲ့  အဖေ
ဘယ်တော့ ပဲကြည့်ကြည့် လေးနက် တည်ကြည်တဲ့ မျက်နှာထားနဲ့  အဖေ...

ထမင်းဝိုင်းမှာ မိသားစု မစုံရင် မျက်နှာမှုန်တတ်တဲ့ အဖေ....

ဆေးလိပ်၊၊အရက်၊လောင်းကစား။မိန်းမ လုံးဝကင်းတဲ့

သားတို့ရဲ့စံပြအလင်းတန်း အဖေ....

တစ်ဖက်သတ်ခံစားချက်

မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။

မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။

အချစ် ခံစားချက်



လူတစ်ယောက်ကို ချစ်တဲ့အခါ........

သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့
သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။
.
အချစ်က အချစ်ပါပဲ... ဒါပေမယ့် ဘဝတစ်ခုရှင်သန်ဖို့ အချစ်ဆိုတာ လိုအပ်သလို အချစ်တစ်ခုရှင်သန်ဖို့ အချစ်ကို ချစ်တတ်ဖို့လည်း လိုအပ်ပါတယ်။
by: Nine Nine Sanay @ နိုင်းနိုင်းစနေ
မှတ်ချက်။  ။facebook မှ ကူးယူဖော်ပြပါသည်။

Sunday, February 26, 2012

မှာပါရစေ … ပြောပါရစေ ”



(၁)

ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။



(၂)

ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

ကောင်မလေးဖတ်ဖို့ အချစ်ကဗျာ (နိုးဝေ ကဗျာ-၂)




အနုမြူစစ်ကြီးဖြစ်မဖြစ်ထက်
ကိုယ်က မင်းပြန်ချစ်မချစ်ပဲ အရေးကြီးနေမိတယ်။
ကွန်မြူနစ်စနစ်ရဲ့ ကျဆုံးမှုထက်
ဘုံစနစ်နဲ့ မင်းကို မျှော်လင့်နေတတ်သူတွေကိုပဲ
စိတ်ညစ်နေမိတယ်။

သစ်ရွက်လှုပ်ရင်လည်းချစ်တယ်။
သက်ဆင် မရှိတော့ရင်လည်းချစ်တယ်။
ကိုယ့်နှလုံးသားကို မဲပေးသူမရှိလည်း
လမ်းမလွတ်ပေမယ့် နတ်ရဲတဲ့သစ်ပင်လို
ပေကပ်ရှင်သန်ရင်းချစ်တယ်။

လေးဖြူသီချင်း မဆိုတော့လည်း
ကိုယ်က မင်းကို ချစ်နေမှာပါပဲ
တို့မြို့လေးကို လူမုန်းများနေလည်း
ချစ်တယ်။

Saturday, February 25, 2012

သီအိုရီ

 သီအိုရီ


လွမ်းတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချင်တယ် ( တစ်သက်လုံး )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည့် ချင်တယ် ( ၂၄ နာရီ )
ချော့ သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါးနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိရင် )
မခွဲနိုင်ဘူး ( ယုံ )
ထပ်ကာထပ်ကာပြောချင်တယ် ( I Love You )

မှတ်ချက်။ ။ကျွန်တော် ရေးစပ်တာ မဟုတ်ပါ။ရေးစပ်သူ မဖော်ပြနိုင်တဲ့အတွက် ခွင့်လွတ်ပါ။ ကဗျာချစ်သူ ညီအကို မောင်နှမများကို မျှဝေချင်ဖြစ်ပါသည်။

သစ်ငုတ်တိုရဲ့ဘဝ

သစ်ငုတ်တိုရဲ့ဘဝ

    * ကိုယ့်ဘာသာထိုင်နေတာပါ ...
    * ခလုတ်လာတိုက်သွားတာက
    * သူတို့ပါ.....
    * ဒါပေမယ့်ဗျာ....။
    * အဆဲခံလိုက်ရတော့
    * ကျွန်တော်ပေါ့.....။  ။


မှတ်ချက်။  ။ ကျွန်တော် ရေးစပ်တာ မဟုတ်ပါ။ အွန်လိုင်မှ ဖတ်လိုက်ရသော ကဗျာ ကောင်းတစ်ပုဒ်ပါ..ရေးစပ်သူ သိပါက ပြောနိုင်ပါသည်။

ဘူတာရုံနဲ့ တူတဲ့ ကောင်မလေး (မင်းခိုက်စိုးစန်)

ဥဩဆွဲချင်ရုံသက်သက်နဲ့တော့
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ့ စောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ ဘူတာရုံလေးရေ . . လွမ်းတယ် . .။

အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောကျာ်းတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲ မဟုတ်လား။

ကျွန်တော်ကြိုက်သော ကဗျာကောင်းလေး တစ်ပုဒ်ပါ

ဘ၀ဆိုတာ (၄/၂၀၀၈)

သစ်ပင်တစ်ပင်အတွက်
အသီးမသီးတာ ဘ၀ ဆိုးခဲ့ပါသလား…။

ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။။
ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။
ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။
လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။
အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။

မိတ်ဆွေ
ငွေ မရှိတဲ့ ဘ၀ဆိုတာ
လူသားတစ်ယောက်အတွက်
အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို
အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။

ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့
ဘ၀ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။

အငွေ့


-----------------------------------------------------------
ဘ၀ဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့
ပန်းချီကားတစ်ချပ်လိုပဲ….။

ကံဆရာ ဇာတ်ညွှန်းမှာ
ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက်
အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။

ငိုခန်းတွေ ပါမယ်
ရယ်ခန်းတွေ ပါမယ်
ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။
ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။

အခုသေချာတာက ဘ၀ဆိုတာ
ငယ်ငယ်ကလို
ကျောက်သင်ပုန်းပေါ်မှာ
ဆရာမ ချရေးပြသလို
ဘကုန်းနဲ့ ၀ ဟာ သိပ်မရိုးရှင်းတော့တာကတော့
သေချာတယ်။

သမိုင်းအဆက်ဆက်
ငါ့တို့ ဆိုငြီးတဲ့ တေးသွားက
ဘ၀ ကလာတယ်။

အငွေ့

မှတ်ချက်။ ။ကျွန်တော် ရေးစပ်သာ မဟုတ်ပါ။ ကဗျာ ရေးစပ်သူကိုတော့ ကျွန်တော့် မမှတ်မိတော့ပါဘူး ကျွန်တော်ကြိုက်လို့ အွန်လိုင်က ဖတ်လိုက်ရတဲ့ ကြိုက်လို့ သိမ်းထားတဲ့ ကဗျာ တစ်ပုဒ်ပါ။ကဗျာပိုင်ရှင်ကို တောင်ပန်းပါတယ် ... ရေးစပ်သူအမည် မဖော်ပြပေးနိုင်တြ့အတွက်..