My Blog List

Monday, February 27, 2012

တစ်ဖက်သတ်ခံစားချက်

မင်းလိုချင်တယ်ဆို၇င်ပေါ့
အာဒံလက်ကပန်းသီးကို
အသေခံပြီး
ပြန်လုပေးနိုင်တယ်။

မင်၇ချင်တယ်ဆို၇င်ပေါ့
ငမိုး၇ိပ်ကို
အသက်ရှင်၇က်နဲ့
ယူလာပေးမယ်။

မင်းဖြစ်စေချင်တယ်ဆို၇င်ပေါ့
ရိုမီယိုနဲ့
ဂျုးလိယက်ကို
အသက်ထက်ဆုံးပေါင်းဖက်ပေးမယ်

မင်းကြေကွဲနေတယ်ဆို၇င်ပေါ့
ကိုယ်ဘေးနားကနေ
ဖြေသိမ့်ပေးမယ်

မင်းငိုချင်နေတယ်ဆို၇င်ပေါ့
ကိုယ့်ပုခုံးတစ်ဖက်ကို
ငှားပေးနိုင်တယ်

မင်ပျော်မယ်ဆို၇င်ပေါ့
ကိုယ်ဘာမဆိုလုပ်ပေးနိုင်တယ်

မင်းမလိုချင်တော့ဘူးဆို၇င်ပေါ့
မင်းဘေးကနေ
တိတ်တိတ်လေး
လေပြည်လေးလိုထွက်သွားလိုက်မယ်

တကယ်တော့လေ
ကိုယ်ဘ၀ဟာ
မြင်သာမြင်၇
မကြင်၇တယ့်
ဘ၀ပါလားနော်

1 comment:

  1. ဖတ်ကြည့်လိုက်ပါဦး . . .

    ဖိတ်မန္တကမပြုပဲ ငါ့နှလုံးသားကျဉ်းကျဉ်းလေးထဲ ကွန်းခိုလာတဲ့
    မင်းမျက်ဝန်းတစ်စုံအတွက် Cupid ရဲ့ မျက်စောင်းထိုးခြင်းအမှတ်တမဲ့ ငါခံလိုက်ရတယ်။
    ချစ်ခွင့်ပန်ဖို့အတွက်ရော Obama ဆီမှာပါမစ်တင်စရာမလိုပါဘူးနော်
    သေချာတာတစ်ခုက Monaliza လက်ဖျားခါလောက်တဲ့ နင့်အပြုံးလေးကို ငါချစ်မိသွားလို့ပါ။
    ဒသနဲ့ စစ်ခင်းရင်စစ်ခင်းရပါစေ David Beckham နဲ့ freekick ကန်ဆိုလည်းငါကန်ပါ့မယ်
    ကျေးဇူးပြုပြီးမမုန်းလိုက်ပါနဲ့။
    မုသားမသုံးပဲ အရိုးသားဆုံးပြောရရင် ကိုယ်အကြားချင်ဆုံးစကားတစ်ခွန်းက LADY GAGA ရဲ့
    ကမ္ဘာကျော်တေးသွားတစ်ပုဒ် မဟုတ်ပါဘူး
    မင်းနှုတ်ဖျားက စွန့်ကျဲ့မယ့် ချစ်တယ် ဆိုတဲ့စကားလေးတစ်ခွန်းတည်းပါ
    ချစ်သူရယ်။ ။

    ReplyDelete