My Blog List

Monday, February 27, 2012

ကွန်ပျူတာ hardwareကြောင်း(ဖတ်သမျှ၊ သိသမျှ ဝေငှ)

CPU ဟာ ကွန်ပျူတာရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပါတယ်။ CPU ဟာ သူနဲ့သူ့ရဲ့အစိတ်အပိုင်းတွေကို EDB(External Data Bus)နဲ့ ချိတ်ဆက်ပါတယ်။ BUS ဆိုတာ Motherboard ပေါ်မှာ Data ပို့တဲ့ Electronic Pathway ကို BUS လို့ခေါ်ပါတယ်။ BUS မှာ Width နဲ့ Speed နဲ့ရှိပါတယ်။
CPU ဟာ အခြားအစိတ်အပိုင်းတွေနဲ့ Wire 8 ကြိုးနဲ့ဆက်သွယ်ပါတယ်။ Wire ကို Voltage ပေးလိုက်ရင် On ဖြစ်ပြီး မပေးရင် Off ဖြစ်ပါတယ်။ On ကို 1 လို့ယူဆပြီး Off ကို 0 လို့ယူဆပါတယ်။ On/ Off ဆိုတာ 1/0 ပါ။ ကွန်ပျူတာက 1/0 ပါတဲ့ Binary Number ကို သုံးပါတယ်။ ဂဏန်း 10100010 (8 )လုံးဟာ အမိန့်တစ်ခုဖြစ်ပါတယ်။
CPU ဟာ အတွင်းနဲ့အပြင်ကို External Data BUS ကနေ binary Patten ဖြင့် အပို့အယူလုပ်တယ်။ ဆက်သွယ်မှုရပေမယ့် CPU ဆီပို့တဲ့အကြောင်းအရာတွေကို CPU က ဘယ်လိုနားလည်သလဲဆိုတော့ 1 / 0 Patten ကို အဓိပါယ် ဖော်ဖို့အတွက် CodeBook တစ်ခုရှိနေမှာဖြစ်ပါတယ်။ External Data BUS ကလာတဲ့ Patten တွေက Code Book ထဲမှာရှိရုံနဲ့မပြီးသေးဘူး။ Register ရှိရပါမယ်။ Register 4 ခုရှိပါတယ်။ AX/BX/CX/DX ဖြစ်ပါတယ်။
CPU ဆီရောက်လာတဲ့ အလုပ်တွေကိုစတင်လုပ်ဖို့အတွက် CPU မှာနောက်ထပ် Wire တစ်ကြိုးလိုပါတယ်။ အဲဒါကို Clock Wire လို့ခေါ်ပါတယ်။ Clock Wire ကို Voltage ပေးလိုက်တာနဲ့ CPU ဟာအလုပ်လုပ်ပါတယ်။ အဲဒီလို Charge ပေးလိုက်ရင် Voltage အနည်းအများပေါ်မူတည်ပြီး Clock Cycle တွေဖြစ်လာပါတယ်။ CPU ဟာ အမိန့်တစ်ခုလုပ်ဆောင်ဖို့ Clock Cycle (2)ခုလိုအပ် ပါတယ်။ ဒီထက်ပိုတဲ့အခါလည်းရှိပါတယ်။

CPU ဟာ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အများဆုံးလက်ခံနိုင်တဲ့ Clock Cycle အရေအတွက်ကို Clock Speed လို့ခေါ်ပါတယ်။ CPU ရဲ့ ClockSpeed ကို CPU ပေါ်မှာပဲတွေ့နိုင်ပါတယ်။ **ပထမဆုံး Intel ကထုတ်တဲ့ 8088 Processor ရဲ့ Clock Speed က 4.77MHz ပဲရှိပါတယ်။ 4.77 MHz ဆိုတာတစ်နည်းအားဖြင့် တစကန့်မှာ Cycle ပေါင်း 4.77 သန်း ဖြစ်တယ်လို့ပြောချင်တာပါ။
CPU အလုပ်လုပ်ရန် Clock Cycle တွေလိုအပ်တယ်ဆိုတာကို System Cystal ကသတ်မှတ်ပေးတာပါ။ system Cystal ဟာ လက်ပတ်နာရီမှာပါတဲ့ Oscillar နဲ့တူပါတယ်။ System Cystal ဟာ Motherboard ပေါ်မှာ အသေခဲဆော်ထားတာဖြစ်ပါတယ်။ Clock Cycle တွေ ညီညာဖို့အတွက် Timing ခေါ်ပေးနေတာပါ။

အနှစ်ချုပ်ပြောရရင်တော့
CPU ဟာ အခြားအစိတ်အပိုင်းတွေနဲ့ EDBလို့ခေါ်တဲ့ Wire 8 ကြိုးနဲ့ဆက်သွယ်တယ်။ အခြားအစိတ်အပိုင်းတွေနဲ့ Data တွေကို External Data Bus ကနေ အပို့အယူလုပ်ပါတယ်။ CPU ဆီရောက်လာတဲ့ Data တွေဟာ CodeBook မှာရှိပြီးတော့ Register မှာအလုပ်လုပ်ပါတယ်။ CPU အလုပ်လုပ်ရန် ClockWire ကို Voltage ပေးလိုက်ရင် ClockCycle တွေဖြစ်ပေါ်လာပါတယ်။ Clock Cycle တွေလိုအပ်တယ်ဆိုတာကို SystemCystal ကသတ်မှတ်ပေးပြီး ClockCycle တွေညီညာဖို့အတွက် Timing ခေါ်ပေးပါတယ်။

2. Floating Point Unit


Floating Point Unit ကို Co-Processor,Co-Math,Numeric Processor လို့လည်းခေါ်ပါတယ်။ CPU လို Chip တုံးလေးတစ်ခုပါပဲ။ CPU ရဲ့အလုပ်ကို ခွဲဝေလုပ်ကိုင်ပေးပါတယ်။ အဓိကအားဖြင့် သင်္ချာဆိုင်ရာ Calculation တွေကိုလုပ်ပေးတယ်။ ဒါကြောင့်အတွက်အချက်များတဲ့ Software တွေ၊ Graphic ပိုင်းဆိုရင် Co-Math ကလုပ်ပေးပါတယ်။ အသုံးပြုချင်ရင် Socket ပါတဲ့အတွက် သီးခြားထပ်ထည့်လို့ရပါတယ်။ အများအားဖြင့် Co-Math ပါရင် Computer တစ်ခုလုံးရဲ့ Speed က ၁၀% လောက်ပိုပြီး မြန်ဆန်လာပါတယ်။

3. Dynamic Random Access Memory (DRAM)
RAM သည် လက်တလောအသုံးပြုနေတဲ့ data တွေကိုသိမ်းဆည်းပေးရတာပါ။ ကွန်ပျူတာတစ်လုံးနှေးတယ်ဆိုတာ မိမိစက်မှာပါဝင်တဲ့ RAM ပမာဏပေါ်မှာ မူတည်ပါသေးတယ်။ RAMရဲ့ ပမာဏကို Byte နဲ့တိုင်းပါတယ်။
*ယနေ့ခေတ်မှာ (MB)နဲ့တိုင်းပါတယ်။ RAM Chips လေးတွေပါဝင်တဲ့ RAM ချောင်းတစ်ချောင်းကို RAM Stick လို့ခေါ်ပါတယ်။
တကယ်တော့ ကွန်ပျူတာက data တွေကို Hard Drive ထဲမှာ သိမ်းတာပါ။ Hard Drive ထဲက Program တွေကို Run လိုက်တဲ့အခါ Hard Drive ကနေ RAM ကိုရောက်ရှိလာပြီး အလုပ်လုပ်တာ RAM ဖြစ်ပါတယ်။

RAM မှာ (၂)မျိုးရှိပါတယ်
(၁) DRAM(Dynamic Ramdom Access Memory)
(၂) SRAM (Static Random Access Memory)

RAM သည် Hard Drive တို့ CD Drive တို့နဲ့မတူဘူး၊ သူတို့က ကိုယ်မဖျက်သရွေ့သိမ်းထား ပေးတယ်။ RAM ကတော့ လက်တလော သုံးထားတာကိုပဲသိမ်းထားပေးတာပါ။ ကွန်ပျူတာ power Off လိုက်ရင် ပျောက်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် အကြောင်းအရာတွေက RAM ကို အရင်ရောက်တာဖြစ်လို့ RAM ဟာ အဓိက သိမ်းဆည်းသူ (Primary Storage)လို့ခေါ်တယ်။

*DIPPs (Dual In-Line Pin Package)-အလွန်ရှေးကျသော DRAM ဖြစ်ပါတယ်။ MotherBoard ပေါ်မှာအသေတပ်ဆင်ထားတာပါ။
*30 Pin SIPPs (Single In-line Pin Package)-80286 MotherBoard မှာသူ့အတွက် Socket ပါလာတာပါ။ အဲဒီမှာစိုက်ရတယ်။
*30 pin Simm (Single In-line Memory)- Simms Socket သက်သက်ရှိပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာမသုံးတော့ပါဘူး.
*72Pin Simms =30Pin Simms နဲ့တူပါတယ်။ Data ပို့ရင် 32 bit ပဲပို့နိုင်တယ်။ ဒါကြောင့် Bank ပြည့်အောင် (၂)ချောင်းစိုက်ပေးရပါတယ်။ 72 Pin Simms တွေဟာ Bus အကျယ် 32 bit ရှိတာ ကြောင့် RAM Stick မှာ x32 လို့ပြပါတယ်။ Error ကို Check လုပ်ပေးနိုင်တဲ့ Parity Bit ပါတဲ့ Stick ဆိုရင် 1x36 ဖြစ်ပါတယ်။
*DIMM (Dual In-line Memory Module)
လက်ရှိသုံးနေတာ DIMM တွေဖြစ်ပါတယ်။ PC တွေမှာ 168/184 pin တွေသုံးပါတယ်။ 32 bit မဟုတ်တော့ဘဲ 64 bit အကျယ်ရှိပါတယ်။ အချိုင့်တစ်ခုပါ။ ဒါကြောင့် 64 bit နဲ့အလုပ်လုပ်တဲ့ Motherboard မှာ Bank ပြည့် အောင် (၁)ချောင်းပဲစိုက်ရပါတယ်။
*SDRAM –
Access Speed ဆိုတာမရှိပါဘူး၊ System Clock နဲ့ ချိတ်ဆက်ထားလို့ဖြစ်ပါတယ်။ Clock Speed ပဲရှိပါတယ်။ NorthBridge က CPU ဆီကိုပို့ဖို့ data တွေကိုယူမယ်ဆိုရင် ခဏစောင့်ရပါတယ်။ စောင့်ရတဲ့ပမာဏကို CMOS Setup Utility နဲ့ ဒါမှမဟုတ် North Bridge မှာ Boot လုပ်တိုင်းသတ်မှတ်ပါတယ်။ DRAM မှာ အသင့်ဖြစ်တဲ့အခါ North Bridge လှမ်းယူပါတယ်။ ဆိုလိုတာကတော့ နှစ်ယောက်Timing မကိုက်တဲ့အခါ စောင့်ရတဲ့အချိန်ကြာတာကြောင့် အလုပ်ကိုနှေးကွေးစေပါတယ်။
**SDRAM ကတော့ ClockSpeed နဲ့ချိတ်ဆက်ထားတာကြောင့် Timing ကိုက်တဲ့အတွက် စောင့်ရချိန်မကြာတော့ပါဘူး အလုပ်ကိုမြန်စေပါတယ်။
**Double Pumping ဆိုတာ Clock Cycle တစ်ခါဖြစ်တိုင်း Data ကိုနှစ်ဆတင်လိုက်တာပါပဲ ။ CPU ရယ် NorthBridge ရယ် DRAM မှာ DRAM သည် 133 MHz ဆိုရင် NorthBridge ရယ် CPU ရယ်ဟာ 266 MHz ဖြစ်ပါတယ်။ ***
**P4 မှာတော့ 4ဆဖြစ်လာပါတယ်။
100MHz ဆိုရင် 400MHz ဖြစ်လာတယ်

CPU နဲ့ NorthBridge ကြားမှာ Speed မြန်လာတဲ့အတွက် NorthBridge နဲ့ RAM ကြားမှာလည်းမြန်စေဖို့အတွက် RDRAM နဲ့ DDRSDRAM ကို ဆက်လက်ပြီးထုတ်လုပ်ကြပါတယ်။
RDRAM(Rambus DRAM)သည် Speed ကို 800MHz ထိ ထိန်းနိုင်ပါတယ်။ RDRAM Stick ကို Rimm လို့ခေါ်ပါတယ်။ 184Pin ဖြစ်ပါတယ်။ အချိုင့်နှစ်ခုပါပါတယ်။ RDRAM တွေဟာ အရမ်းပူပါတယ်
****မတူညီတဲ့ Speedရှိတဲ့ RAMတွေကို ကွန်ပျူတာတစ်လုံးတည်းမှာရောနှောပြီးစိုက်ခြင်းဟာ System ကိုမတည်ငြိမ်ပါဘူး။ ဒါကြောင့် ရောပြီးမစိုက်သင့်ပါဘူး****
DDRSDRAM(Double Data Rate SDRAM) RDRAM သည် RAMBus Coporation ရဲ့မူပိုင်ဖြစ်တဲ့အတွက် ထုတ်လုပ်သူ RAMBus Coporation ကိုလိုင်စင်ပေးရရင် ကုန်ကျစရိတ်မြင့်မားလာမှာဖြစ်တဲ့အတွက်၊ Rambus နဲ့ Intel ထုတ် P4 တွေမှာသာ အလုပ်လုပ်၊ အခြားCPU တွေမှာသုံးဖို့အတွက် RDRAM မဟုတ်တဲ့ RAM တစ်ခုရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် DDRSDRAM ဖြစ်ပေါ်လာရတာပါ။ **DDRSDRAM သည် DIMMအမျိုးအစားပဲဖြစ်ပါတယ်။

RAM ဘယ်လောက်လိုအပ်သလဲဆိုရင်
Window 98/SE Min-64MB Recommand-128MB End-256MB
ME Min-128MB Recommand-256MB End-512MB
2000 Min-128MB Recommand-256MB End-512MB
XP Min-256MB Recommand-512MB End-1GB

CPU နဲ့ RAM အကြောင်းပြီးတော့ သူတို့နှစ်ခုရဲ့ဆက်သွယ်မှုလေးကိုနည်းနည်းလောက်ပြောပြချင်ပါတယ်
CPU ဟာ သူရဲ့ပြင်ပကို EDB (External Data Bus)နဲ့ဆက်သွယ်တယ်လို့သိထားပါတယ်။ ဒါပေမယ့် CPU နဲ့ EDB နဲ့ ဆက်သွယ်ပေမဲ့ RAM နဲ့ ဆက်သွယ်မှုမရှိပါဘူး. RAM ပေါ်က အချက်တွေကို CPU ပေါ်တင်ပေးနိုင်ဖို့ Micro Controllar Chip လို့ခေါ်တဲ့ North Bridge လိုအပ်ပါတယ်။ NorthBridge က RAM ပေါ်မှ Data ကို CPU ကို လှမ်းပို့ပေးပါတယ်။
CPU က RAM ရဲ့ ဘယ်နေရာကဘယ်လိုအချက်အလက်တွေရချင်လဲယူချင်လဲဆိုတာ NorthBridge ကို ပြောပြဖို့ Address BUS လိုပါတယ်။ဒီတော့ CPU နဲ့ NortheBridge ကြားမှာ EDB နဲ့ Address Bus ဆိုပြီး (2)မျိုးရှိပါတယ်။
CPU ဟာ Data တွေလိုအပ်လာရင် Mass Storage (CD/HD/FDD)ဆီက Data တွေကို RAM ပေါ်သို့ ဆွဲတင်ပြီးမှ ယူရတာဖြစ်ပါတယ်။ CPU သည် RAM ထက်ပိုမြန်ပါတယ်။ RAM သည် HardDrive ထက်ပိုမြန်ပါတယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်ရှိပါတယ်။**DRAM သည် Microsopic Capacitor ဖြစ်ပါတယ်။ Capacitor မှာ Charge လုပ်ရင် “1“ မလုပ်ရင် “0“ ဖြစ်ပါတယ်။ charge လုပ်ပြီးရင် millisecond ပဲခံပါတယ်။ ဒါကြောင့် တစ်ခါပြန်ပြီး Recharge ပြန်လုပ်ရပါတယ်။ Refresh လုပ်တယ်လို့ခေါ်ပါတယ်။ ပြန်မလုပ်ခင် Data တွေဟာ ကြာရှည်စွာမခံပဲ ပျက်သွားနိုင်ပါတယ်။ ဒီတော့ millisecond တိုင်းမှာ NorthBridge က Signal ပို့ပြီး လုပ်ခိုင်းပါတယ်။ လုပ်နေတဲ့ အချိန်မှာ NorthBridge က DRAM ဆီက Data တွေကို လှမ်းယူလို့မရပါဘူးစောင့်ရပါတယ်။ ဒါကို Wait State လို့ခေါ်ပါတယ်။ CPU သည် RAM ထက်မြန်တယ်။ စောင့်လည်းစောင့်ရသေးတယ်ဆိုရင်မြန်နိုင်မယ့် နည်းလမ်းကတော့ Cache Memory လို့ခေါ်တဲ့ SRAM ဖြစ်ပါတယ်။ SRAM သည် လုပ်ခဲ့ပြီးသမျှ အချက်အလက်တွေထဲက နောက်ဆုံး အချက်အလက်တွေကို အမြန်ရအောင်သိမ်းထားပေးတဲ့ကိရိယာဖြစ်ပါတယ်။


4. Static Random Access Memory (SRAM)

SRAM သည် ကွန်ပျူတာမှာ Memory ထက်ပိုအရေးကြီးပါတယ်။ SRAM ကို Cache Memory လို့လည်းခေါ်ပါတယ်။ CPU နဲ့ RAMနဲ့ကြား Data အပို့အယူလုပ်ရင် CPU ကိုအမြန်ဆုံး Speed နဲ့အလုပ်လုပ်စေဖို့ကူညီပါတယ်။ Cache Memory ပါလာတဲ့ CPU ရဲ့ Speed ဟာ 30% လောက် မြန်လာပါတယ်။ Capacitor များ၊ Transistor များဖြင့် တည်ဆောက်ထားသော Memory ရဲ့ ပင်ကိုယ်သဘာဝသည် နှေးသောကြောင့် Memory ကို အများကြီးမြန်အောင် လုပ်လို့မရပါဘူး။ ဒါကြောင့် တွက်ချက်ပြီးသော်လည်း Memory ကကြာနေရင် CPU က နောက်ထပ်အလုပ်တွေမလုပ်နိုင်တော့ပါဘူး။ စောင့်နေရပါတယ်။ ဒီလိုပြသနာမဖြစ်အောင် Cache Memory က ကူညီပါတယ်။ Cache Memory များလေ Computer က ပိုမြန်လေပါပဲ။

Cache မှာ (2)မျိုးရှိပါတယ်။
*RAM Cache (RAM နဲ့ CPU)ကြား
*DISK Cache (RAM နဲ့ HardDisk)ကြား

Wait State သည် ကွန်ပျူတာကိုနှေးကွေးစေပါတယ်။ ကွန်ပျူတာကို Speed တင်ပေးမယ့်သူကတော့ Cache ပဲဖြစ်ပါတယ်။
CPU သည် Data လိုချင်ရင် Cache ကိုကြည့်မယ်။ မရှိရင် RAM ၊ မရှိရင် Mass Storage ကို ကြည့်မယ်။ ဒါဆိုပိုမြန်နိုင်ပါတယ်။


L1 Cache& L2 Cache
CPU နဲ့RAM ကြားမှာ Wait State ကိုဖြေရှင်းနိုင်အောင် L1 Cache ဆိုတာပါလာတယ်။ ပိုပြီးအကျိုးထူးအောင် L2 Cache ကိုပါသုံးလာကြပါတယ်။ အစောပိုင်း CPU တွေမှာ L2 Cache သည် MotherBoard ပေါ်မှာ ပါလာတတ်ပါတယ်။ ယခုနောက်ပိုင်း On Chip L2 Cache ဆိုပြီး CPU နဲ့တွဲပါလာတယ်။ ယခု CPU တွေမှာ L1 Cache onf 128 KB, L2 Cache သည် 256 မှ 512 ထိ ပါလာတတ်ပါတယ်။ On Chip L2 Cache ဆိုတာ L2 သည် External Cache ဖြစ်ပါတယ်။ MotherBoard ပေါ်မှာရှိတယ်။ အခုတော့ L1 ရော L2 ရော နှစ်ခုလုံး CPU မှာ ဖြစ်ပါတယ်။ ဒါပေမယ့် CPU ထဲမှာပါလာတာမဟုတ်ဘူး၊ OnChip ဆိုတဲ့အတိုင်း Chip ပေါ်မှာပဲပါလာတာဖြစ် ပါတယ်။ တစ်နည်းအားဖြင့် Chip တစ်ခုထဲမှာ L2 ကတစ်နေရာယူထားတာပါ။ L1 ကသာ Built in ပါလာတာပါ။

Font Side And Back Side Bus
L2 က CPU ပေါ်နေရာယူလိုက်တော့ အဲဒီ L2 ရယ် CPU ရယ် NorthBridge ရယ် ဘယ်လိုဆက်သွယ်လဲဆိုရင် CPU နဲ့ L2 သည် Back SideBUS နဲ့ ဆက်သွယ်ပြီး CPU ရယ် NorthBridge, NorthBridge နဲ့ RAM ကြား, Address BUS/External Data BUS ရောကို FontSide BUS ဆိုပြီး တစ်ပေါင်းတည်း ခေါ်ပါတယ်။ NorthBridge နဲ့ RAM ကြား BUS ကိုသီးခြားမခေါ်ဘဲ RAM Interface လို့ပဲခေါ်ပါတယ်။

5. Read Only Memory (BIOS)

Keyboard Controllar
keyboard က ရိုက်လိုက်သမျှသည် keyboard အတွင်းမှာရှိတဲ့ Scan Chip က Scan လုပ်ပြီး 1&0 patten အဖြစ်ပြောင်းပြီး MotherBoard ပေါ်မှာရှိတဲ့ Scan Chip ကနေ keyboardControllar ဆီပို့လိုက်ပါတယ်။ Scan Chip ကနေ ရောက်လာတဲ့ 1&0 Patten ကို Scan Code လို့ခေါ်ပါတယ်။ Scan Code တွေကို Keyboard Controllarက ကိုယ်ပိုင် Register မှာ သိမ်းထားလိုက်ပါတယ်။ Keyboard Controllar က Scan Code ကို External Data Bus ပေါ်တင်ပေးလိုက်ရင် CPU က ဖတ်လို့ရပါတယ်။ Scan Code သည် External Data Bus ပေါ်ရောက်ဖို့ ကြားခံ Program လေးတစ်ခုလိုအပ်ပါတယ်။ keyboard Controllar လိုပဲ အခြားပစ္စည်းတွေကို ဆက်သွယ်ပေးဖို့ Program တွေ အများကြီးလိုအပ်ပါတယ်။ ဒီ Program တွေကိုသိမ်းဖို့အတွက် Motherboard ပေါ်မှာ အထူးပြုလုပ်ထားတဲ့ ROM (Read Only Memory) Chip လေးပါပဲ. ROM သည် RAM နဲ့မတူပါဘူး၊ ROM သည် RAM လိုသိမ်းပြီးရင် ပျက်မသွားပါဘူး။ RAM သည် volatile မတည်မြဲပါဘူး၊ ROM သည် Non-Volatile တည်မြဲပါတယ်။ MotherBoard ရှိနေသ၍ Keyboard Controllar လည်းရှိနေမှာပါ။ Keyboard Controllar အတွက် ဒီ Program ဟာလည်း ROM မှာပဲရှိနေမှာပါ။ CPU သည် Keyboard Controllar ကို တစ်ခုခုပြောချင်ရင် ROM Chip ကနေ ၄င်းရဲ့သက်ဆိုင်တဲ့ Program ကို အလုပ်လုပ်စေပါတယ်။
ROM Chip သည် Keyboard Controllar ရဲ့ Program တင်မကပါဘူး အခြားပစ္စည်းတွေဖြစ်တဲ့HardDisk , Monitor တွေအတွက် လိုအပ်တဲ့ Program တွေအားလုံးရှိနေပါတယ်။ System ROM ထဲမှာ မြောက်များစွာသော Program လေးတွေရှိနေတာဖြစ်တဲ့အတွက် Basic Input Output Service (BIOS)လို့ခေါ်ပါတယ်။
**ရေးလို့ဖျက်လို့ရတဲ့ Storage Media ထဲမှာ သိမ်းတဲ့ Program တွေကို Software လို့ခေါ်ပြီး ROM ထဲမှာသိမ်းတဲ့ Program တွေကို Firmware လို့ခေါ်ပါတယ်**
ROM Chip လေးတွေကို System ROM (or)ROM BIOS လို့ခေါ်ပါတယ်။

6. CMOS Memory/ CMOS Battery
CMOS အကြောင်းပြောရရင် Hardware အမျိုးအစား ၂မျိုးဖြစ်တဲ့ Unchangeable နဲ့ Changeable ဆိုပြီး ရှိပါတယ်
eg- ** keyboard သည် Unchangeable အမျိုးအစားဖြစ်ပါတယ်။ ဘယ်ကုမဏီကပဲထုတ်ထုတ် Program ကမပြောင်းလဲပါဘူး၊ ကွန်ပျူတာထဲက System Speaker လိုမျိုး၊ ဒါတွေဟာမပြောင်းလဲပါဘူး
eg-** HardDisk သည် Changeable အမျိုးအစားဖြစ်ပါတယ်။ HardDisk သည် တစ်လုံးနဲ့တစ်လုံး Parameter သည် မတူညီပါဘူး၊ ဒီတော့ ပုံသေ HardDisk ရဲ့ Parameter ကို သုံးလို့မရပါဘူး။ RAM သည်လည်း ထပ်တိုးနိုင်တယ်၊ ဒီလို Changeable အမျိုးအစားဖြစ်တဲ့ အချက်အလက်တွေကို ပြန်ပြင်ပြီးသိမ်းနိုင်တဲ့နေရာတစ်နေရာလိုအပ်လာပါတယ်။ အဲဒါကတော့ Memory Chip အမျိုးအစားတစ်မျိုးဖြစ်တဲ့ CMOS (Complementory Metaloxide Semiconductor)ပဲ ဖြစ်ပါတယ်။
CMOS Chip မှာ အချက်အလက်ပဲသိမ်းပါတယ်။ (ပစ္စည်းတွေရဲ့ Parameter ကို သိမ်းပေးနိုင်)
CMOS Setup Utility Program ဟာ BIOS မှာပဲရှိပါတယ်
CMOS Chip ဟာ အချက်အလက်သိမ်းပေမယ့် Power Off ရင် ပျောက်မသွားအောင် Charge လုပ်ပေးတဲ့ Battery လေး 1လုံး Motherboard ပေါ်မှာရှိပါတယ်။

POST
POST သည် ROM ထဲမှာ သိမ်းထားတဲ့ Program လေးဖြစ်ပါတယ်။ သူ့ရဲ့ Computer Power On လိုက်တိုင်း Operating System မတက်ခင် ကွန်ပျူတာရဲ့အစိတ်အပိုင်းတွေကို စစ်ဆေးပေးပါတယ်။ Error ကို စာနဲ့အသံနဲ့ (၂)မျိုးထုတ်ပေးပါတယ်။
eg-**Floppy Controllar Failure ဆိုရင် Floppy driver
**တီ**အသံဆက်တိုက်ထွက်ရင် CPU/RAM ဖြစ်ပြီး
**အသံတို ၃/၄/ချက်ဆိုရင် VGA Card/Cable ဖြစ်ပါတယ်။
BOOT Process
Computer Power On လိုက်ရင် CPU က power Good ဆိုတဲ့ Wire မှတစ်ဆင့် Power Supply မှလုံလောက်သော Voltage ကို ထုတ်ပေးလိုက်ပြီးဖြစ်ကြောင်းသိရှိကာ POST လုပ်ငန်းစဉ် စတင်ပါတယ်။ POST လုပ်ပြီးတာနဲ့ (Boot or Operating Syserm Loading) လုပ်ဖို့အတွက် Operating System ကို Advance CMOS ထဲက BOOT Sequece အတိုင်း OS ကိုရှာဖွေရန် BOOT လုပ်ပါတယ်။
**Restart လုပ်တာကို Cold Boot လို့ခေါ်ပြီး
Key board မှ Ctrl+Alt+Del ကို Warm BOOT လို့ခေါ်ပါတယ်။**

7. Expansion Slots
Expansion Slots တွေဟာ 8 bit/ bit/ 32 bit/ 64 bit တို့ဖြစ်ပါတယ်။ အနက်ရောင်၊ အညိုရောင်၊ အဖြူရောင်တို့ဖြစ်ပါတယ်၊ အသုံးများတဲ့ Expension Slots တွေက 8 bit ISA/ bit ISA/32 bit VESA/ 32 bit PCI/ 32 bit AGP/ 64 bit PCI-2 တို့ ဖြစ်ပါတယ်။ Expansion Slots တွေဟာ Mother Board နဲ့ System Unit ပြင်ပရှိ ပစ္စည်းများနဲ့ ချိတ်ဆက်ဖို့အတွက်ဖြစ်ပါတယ်။
1-(8 bit ISA) Industrial Satandard Architecture = အနက်ရောင် Slot အတို
2-( bit ISA) Industrial Standard Architecture = အနက်ရောင် Slot အရှည်
3-(32 bit VESA) VIDEo Electronic Standard Architecture Local BUS = အနက်ရောင်+အညိုရောင်တွဲထားတဲ့ Slot
4-(32 bit PCI) Peripheral Component Interconect =အဖြူအတိုသီးသန့် Local BUS
5-(64 bit PCI Express) = အဖြူရောင်အရှည်ဖြစ်ပါတယ်။
6-(AGP Slot)=မှာ VGA Card တစ်မျိုးတည်းသုံးနိုင်ပါတယ်။

8. Super I/O chip


9. Chipset
CPU နဲ့ အခြား Input Device တွေနဲ့ဆက်သွယ်ဖို့အတွက် NorthBridge လိုပဲ နောက်ထပ် Chip တစ်ခုလိုအပ်ပါတယ်။ အဲဒီ Chip ကို SouthBridge လို့ပဲသတ်မှတ်ပါတယ်။
NorthBridge+SouthBridge =Chipset
SouthBridge က အခြားပစ္စည်းတွေဆီကို တစ်ခါ External DataBus နဲ့ ဆက်သွယ်လိုက်တဲ့အခါ CPU က ပစ္စည်းတွေအားလုံးနဲ့ ချိတ်မိသွားပါတယ်။
**NorthBridge သည် RAM အတွက်ဖြစ်ပြီး SouthBridge သည် အခြားပစ္စည်းတွေအတွက်ဖြစ်ပါတယ်။**

No comments:

Post a Comment