My Blog List

Friday, March 9, 2012

အရိုင်းရဲ့အယဉ်


အယဉ်နဲ့တုခိုင်းတော့
ငါက အရိုင်း ......
နှိုင်းပစေပေါ့
သူတို့ရဲ့ ပေတံတွေကြားမှာ
ငါမှ စံ မမှီချင်ခဲ့ တာ .....


မျက်စိရဲ့ပသာဒ
မရချင်နေပါ
စိတ်ကူးတွေ ကြိုထုတ်တဲ့
အနားသတ်မဲ့
စုတ်ချက်တွေကို
ငါ မှ မနှစ်သက်တာ .....

အနုလက်ရာ
ငါ့ဘဝမှာ မပါချင်ပေါင်ဗျာ
ဆောက်ချက်တွေတာသွား
ကော်ဘက်တွေစားခံ မဲ့အတူ
နေပူမှာငုတ်တုတ်
သစ်ငုတ်ပင် ပဲဖြစ်ချင်တယ် .....

စည်း နဲ့ ဝါး
မခံစားချင်ပေါင်ဗျာ
ဇာတ်တိုက်မှ ညီမဲ့တူတူ
ဟိုကောင်တွေ အူသံ က မှ
ငါ့သဘာဝနဲ့ ပို နီးစပ်သေး တယ် .....

နဘေနဲ့ ကာရံ
လာပြန်ပလား ဟေ့
ရင်ထဲကပွင့်တဲ့ပန်း
ဘောင်ပါမှလန်းရင်ဖြင့်
ခံစားချက်အားလုံး
ဝလုံး ...  ပဲ ထိုင်ရေးမယ် ......

ဝဝဝဝဝဝဝဝဝဝ
ဝဝဝဝဝဝဝဝဝဝ
ဝဝဝဝဝဝဝဝဝဝ ....... ။

                          (ရုပ်ဆိုး)by ရုပ် ဆိုး on Tuesday, 6 March 2012 at 16:35 ·

မှတ်ချက်။   ။နယ်သား အကိုရုပ်ဆိုးအား အစဉ်လေးစားလျှက်ပါ။

1 comment: