My Blog List

Friday, March 9, 2012

ဥပေက္ခာ


သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....

သူတစ်ထူးရှေ့မှာ

ချခင်းခဲ့မိတဲ့ မျှော်လင့်ခြင်းတွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့ခါ
ရှက်ရွံ့ ရင်မှာတဆစ်ဆစ်နာတယ် .....

သူတစ်ထူးပေါ်မှာ
နွေးထွေးခဲ့ မိတဲ့ ကြင်နာခြင်းများစွာကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
နှမြော ရင်မှာတဆစ်ဆစ်နာတယ် .....

သူတစ်ထူအတွက်အလုံးစုံ
လွှမ်းခြုံမိတဲ့ငါ့အာရုံတွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့ အခါ
ရင်ထဲမှာတဆစ်ဆစ်နာတယ် .....

သူတစ်ထူးပေါ်မှာ
ဖြစ်ပေါ်မိခဲ့တဲ့ စိုးရိမ်စိတ်တွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
မကောင်းရင်မှာတဆစ်ဆစ်နာတယ် ....

သူတစ်ထူးပေါ်အလုံးစုံ
ပုံပေးခဲ့တဲ့ ချစ်မေတ္တာတွေကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ်နာတယ် .....

ရင်ထဲမှာတဆစ်ဆစ်
နာဖြစ်ခဲ့တဲ့ ငါ့ကိုယ်ငါ  ကို
ဥပေက္ခာပြုထားလိုက်တဲ့ အခါ
ငါ့မေတ္တာ ငါ့အချစ်
အကြင်နာ ငါ့အာရုံ
အလုံးစုံ သော ခံစားမှုတွေက
ညှိုး ငယ်စွာ ရင်မှာ ကျန်ရစ်ခဲ့ ကြတယ် ...... ။

                                              (ရုပ်ဆိုး)by ရုပ် ဆိုး on Wednesday, 7 March 2012 at 23:14 ·
မှတ်ချက်။  ။ကျွန်တော့် လေးစားချစ်ခင်ရတဲံ ချစ်အကိုကြီး ကိုရုပ်ဆိုးရဲ့  လက်ရာဖြစ်ပါတယ်။
ချစ်အကိုကြီး  ကိုရုပ်ဆိုးအား လေးစားလျှက်....

No comments:

Post a Comment