My Blog List

Friday, March 9, 2012

နိယာမ


ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ယောက်ျားလေးတွေ သတိရတဲ့ အခါ.. ……
မအားလပ်နိုင်တဲ့ ကြားက .ဖုန်းတွေဆက်ကြ၊စာတွေရေးကြတယ်……………..
မိန်းကလေးတွေ သတိရတဲ့  အခါ…………….
အလုပ်တွေကြားထဲက စောင့် မျှော်တက်ကြတယ်…..

ယောက်ျားလေးတွေက အချစ်ကို ရူးရူးမိုက်မိုက် မြတ်မြတ်နိုးနိုး တန်ဖိုးထားတက်ကြတယ်
မိန်းကလေးတွေက သိုသို ၀ှက်ဝှက် အိမ်မက်ဆန်ဆန်စိတ်ကူးယဉ်ကြတယ်…….

ယောက်ျားလေးတွေက ဘာလုပ်ချင်တယ်ဆိုတာ ကို ပြောပြီး
မိန်းကလေးတွေက ဘာဖြစ်သင့် တယ်ဆိုတာ ပြောကြတယ်……..။

ယောက်ျားလေးတွေ အသဲကွဲရင် အရက်က အဖော်ဖြစ်ပြီးတော့ 
မိန်းကလေးတွေ အသဲကွဲရင် မျက်ရည်က သူငယ်ချင်းဖြစ်သွားကြတယ်……….။

ယောက်ျားလေးတွေက အချစ်ကို ရှေ့ တန်းတင်ပြီး သူရဲကောင်းလုပ်ချင်ကြတယ်….
မိန်းကလေးတွေက အချစ်ကို သိုဝှက်ပြီး အိမ်ရှင်မ လုပ်ချင်ကြတယ်………

ယောက်ျားလေးတွေက ချစ်သူ့ကို လက်ထပ်မယ်လို့  တယုတယပြောတဲ့  အချိန်…….
မိန်းကလေးစိတ်ထဲက လေးလေးနက်နက် ပြန်ပြောတာက သစ္စာရှိပါနော်တဲ့ …။(မင်းသန့် )

မှတ်ချက်။ ။ ကဗျာပိုင်ရှင် ကိုမင်းသန့်အား လေးစားဂုဏ်ပြုလျှက်ပါ။

No comments:

Post a Comment