မျှော်လင့်ချက်ကို
ထင်းစိုက်ချင်တဲ့သူတွေကြားထဲ
နေရတာ
ငါ့အတွက်တော့
မီးခိုးစော်နံတယ်။
ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါ...လူတွေထက်
ပိုပြီး သဘောကျတယ်။
ရိုးသားခြင်းကို
ရေလဲ... ပုဆိုးလို
ဝတ်ဆင်ပြီး....
စေတနာတွေကို
လက်နှီးစုပ်တစ်ခုလို
ကိုင်တွယ်တတ်တဲ့…
ခင်ဗျားတို့....
လူသားတွေ....
သွားတိုက်ပြီး
အာပုပ်စော်နံခဲ့ကြပြီ။
ပကာသန
အခြွေအရံ.....မာနတိုနဲ့
စစ်ခင်း ..
အတ္တတို့ကို
လူဂုဏ်တန်တွ
သူတောင်းစားခွက်ထဲ
ထိုးအပ်လို့ …
မျက်ရည်...တစ်ခွက်ကို
ထမင်းရည်.....တစ်စက်နဲ့
လှောင်ပြောင်...ရယ်မောခဲ့ကြတယ်။
ရှိစေတော့လောကကြီး …
မင်းလဲ
မုဆိုးနားနီးလို့ ..မုဆိုးဖြစ်ခဲ့လေပြီပဲ
ချိတ်မှာ ..ငါးအစာတတ်လို့
ကိုယ့်အမြီးကိုယ်ပြန်မျှားနေတဲ့
ကမ္ဘာကြီးကိုလဲ ပြောလိုက်ပါ
ငါ… ရုပ်ကလပ်ထားပြီး
ခရီးထွက်သွားတယ်လို့။ ။
by သက်ထွေး
၈ ၊ ဩဂုတ် ၊ ၂၀ဝ၇
၁၁း၂၀
No comments:
Post a Comment