My Blog List

Saturday, March 10, 2012

ဖျက်ဆီးခံရတဲ့ကလေးငယ်


ပျက်စီးနေတဲ့ကလေးဟာ ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။
ဒီလိုလူ့အဖွဲ့ အစည်းအတွင်းမှာ ပျက်စီးနေတဲ့ကလေးငယ်ဟာ ဘ၀ကို ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ ဆုပ်ကိုင်ထားပါတယ်။ သူ့ကို လွတ်လပ်မှုပေးရမဲ့အစား လုပ်ချင်ရာလုပ်ခွင့်ပေးထားတယ်။ ကလေးဟာ လွတ်လပ်မှုအစစ်အမှန်ရဲ့ အနက်အဓိပ္ပာယ်ကို မသိရှာဘူး။ လွတ်လပ်မှုဆိုတာ ဘ၀ကို ချစ်မြတ်နိုးမှု ဖြစ်တယ်ဆိုတာ သူမသိရှာဘူး။

ဟသ ဓာက်ပုံမျာ3း


အား..................

လူ-'လ'ရေး နှစ်ချောင်းငင် လူ.


ရေးတော့တာ လွယ်လွယ်လေးနော်။ လူဖြစ်ဖို့ အတွက် အတိတ်က ကံကောင်းမှ ဖြစ်လာရတာလေ။
ဖြစ်လာပြန်တော့လည်း လောကဓံက ဖိစီးပြီး ဘ၀ကို တိုက်ပွဲဝင်ရပြန်ရော။
ပျော်ရွှင်မှုတွေ ခံစားရသလို၊၀မ်းနည်းမှုတွေလည်း ကြုံရပြန်ရော။
အချစ်တွေ ရသလို ၊အမုန်းဆိုတာလည်း မကြာခဏ ရနေတာပါပဲ။
သံယောဇဉ်တွေ အတွယ်တာတွေ မေတ္တာတွေ နဲ့ ပြည့်လျှံ နေတဲ့ လရေး နှစ်ချောင်းငင်လူပါ။

Friday, March 9, 2012

ကျွန်တော်တို့ နဲ့ ကဲကုလပ်စ်သင်္ချာ



       ကျွန်တော်တို့ကျောင်းသူကျောင်းသားတွေ ဟာ ငယ်ငယ်လေးတည်းက ပညာရပ်တွေ သင်ကြားခဲ့ကြရတယ် ။ တချို့ပညာရပ်တွေ ၊ သီအိုရီတွေက လက်တွေ့ မှာအသုံးချနိုင်တယ် ။ တချို့ ပညာရပ်တွေ သီအိုရီတွေ ကတော့ တွေ့မြင်နေရတဲ့ ပတ်ဝန်းကျင်နဲ့ဆက်စပ်ကြည့်လို့မရဘူး ။ အဲဒီချိန်ဆိုရင် ကျွန်တော်တို့ အများဆုံး သိချင်တဲ့မေးခွန်းက ကျွန်တော်တို့ဘာကြောင့် ဒီပညာရပ်ကိုလေ့လာရတာပါလဲ ဆိုတဲ့မေးခွန်းပါပဲ ။ ဆရာသမားတွေကိုမေးကြတယ် ။ ကျွန်တော်တို့လိုချင်တဲ့အဖြေရသည်လည်းရှိတယ် မရသည်လည်းရှိတယ် ။ 

ကျွန်တော့် အကို က သချာင်္ညံ့တယ်



      နိုင်တီးနိုင်တိဆစ် မြန်မာ့ခရီးသွားနှစ်ပေါ့ ။ ကျွန်တော်က ၆ တန်း အကို ၁၀ တန်း .... အိမ်ကလည်းပန်းလိုက်တာ မပြောပါနဲ့တော့ ။
ပြောင်းဖူးစေ့ရေလုံပြုတ် ချဉ်ပေါင်ဟင်းနဲ့အုပ်ကြတယ် ။အလုပ်ကရှားပါး ၊ စပါးကပိုး စားတော့ သား ၂ယောက်ပညာရေး မိဘတွေတွေးပူပြီ ပေါ့ .။ မိသားစုထမင်းဝိုင်းက ခါတိုင်းလို မသိုင်းဝန်း နိုင် တော့ဘူး  ။ သား ၂ ယောက်လုံးကျောင်းထားဖို့ အမေတို့အားနဲ့ မနိုင်တော့ဘူး တဲ့ ။အမေ့ရဲ့စကား ကျွန်တော်ကြားတော့ မျက်လုံးကလေးမှိတ်လို့ တိတ်တိတ်လေးနေမိတယ် ။ အကို ဆီက ထွက်လာတဲ့ အသံ ကျွန်တော့် ရင် ဘက် ကိုလာမှန်တယ်  ။
"  ညီလေးက သချာင်္တော်တယ် ၊ ကျွန်တော်ကသချာင်္ညံ့တယ် .... ညီလေးသာကျောင်းဆက်ထားလိုက်ပါ " ... တဲ့ ... ။
 အကိုက ကျောင်းထွက်လို့ ကျွန်တော် ခုနှစ် တန်းတက်တယ် ။ အကို့နေရာ ရောက်ဖို့ နောက် ၄ နှစ်တောင် ပိုက်ဆံကုန်ဦးမှာ နော်  ၊ ဒါလေးတောင် အကို မတွက်တက်ခဲ့ ဘူး ။

ဟုတ်တယ် .....  ကျွန်တော့် အကို က သချာင်္ညံ့တယ် ....။
       ကျွန်တော့် အတွက် ကျောင်းလခ တစ်လ ကို ခြောက်ထောင် ကျတယ် ။ လူတစ်ယောက်လုပ်အားခ တစ်ရက်ကို ၄၀၀ ရတယ် ။  အလုပ်ရှင်မှန် သမျှ က မာနလည်းကြီး ကြ ပေါ့ ဗျာ ....။
 အကိုက ငယ်သေးတော့ တစ်ရက် ကို ၃၀၀ ပဲပေးမဲ့ သူရှိသတဲ့ ။ အကိုက တော့ ခပ်ပြုံးပြုံးအားလုံးဆီမှာ နေ့တိုင်း အလုပ် ဝင်ခဲ့တယ် ။
သူ့အတွက် ငွေ ၁၀၀ နေ့ တိုင်း မှာ နာနေတာ သူမတွက် တက် ခဲ့ ရှာဘူး  ။

ဟုတ်တယ် .... ကျွန်တော့် အကို က သချာင်္ ညံ့တယ် ...။
      ပျိုးအငှားနှုတ်တယ် ၊ ထင်းအငှားခုတ်တယ် ၊ မြောင်းအငှားတူးတယ် ၊ ချောင်းအငှားကူးတယ် (ချောင်းရေလာတဲ့အခါ ပိုက်ဆံယူပြီး ပစ္စည်းထမ်းကူးပေးတဲ့အလုပ်) ၊ ထန်းသမားလုပ်တယ် ၊ ငုတ်လည်းတူးတယ် ၊ လွှလည်းဆွဲတယ် ၊  ပွဲစားလည်းလုပ်တယ် ၊ လက်သမားလုပ်တယ် ၊ တောင်သူလုပ်တယ် ၊ ....၊ အဟုတ်တကယ်ပါ ...
အကိုဘယ်အလုပ်လုပ် လဲမေးရင် ...အစုံသုပ်ပေါ့ကွ လို့ ရယ်ကျဲကျဲနဲ့ သူ ဖြေတက်တယ် ...။ ကိုယ်လုပ်တဲ့ အလုပ်တောင် ဘယ်နှမျိုးရှိမှန်း အကို မတွက်တက်ခဲ့  ဘူး  နော် ...။

ဟုတ်တယ် .... အကို  ...ခင်ဗျား သချာင်္ ညံ့ တယ် ။
    အခု အကို့အသက်က ၃၀ ကျော် ၊ အကို့ထက် အငယ်တွေတောင် အိမ်ထောင်ကိုယ်စီကျကုန်ကြပြီ  ။ ရွာထဲက  အဒေါ်တွေက အကို့ ကို စကြတယ် " ရွာစောင့် နတ်ကြီး အသက်ဘယ်လောက်ကြီးပြီလဲ ၊ အိမ်ထောင်မပြုသေးဘူးလား " ..တဲ့ ။
အကိုက ခပ်ပြုံး ပြုံးနဲ့ စကားခြောက်လုံး  ပဲ ဖြေတယ် ။   " ကျွန်တော်ငယ်ပါသေးတယ်" ..တဲ့ ...။   မိသားစုရေးငဲ့ကွက် အခုထက်ထိတောင် ကိုယ့်အသက် ကို မတွက်တက်သေးဘူး နော်....

ဟုတ်တယ် .... ကျွန်တော့်အကို  က  ခုချိန်ထိကို  သချာင်္ ညံ့   နေတုန်းပါပဲ  ။

(ရုပ်ဆိုး)by ရုပ် ဆိုး on Thursday, 8 March 2012 at 17:18 ·



မှတ်ချက် ။  ။ ကိုရုပ်ဆိုး ဆက်လက် အောင်မြင်ပါစေဗျာ...ညီနယ်သားလေး ဆုတောင်းလျှက်ပါ.။

အဖေ့


အဖေ့မှာ ရင်ခွင်တစ်ခုပဲရှိတယ်..
ဒါပေမယ့် မိသားစုအားလုံး ခိုနားလို့ရတယ်...
အဖေ့မှာ လက်နှစ်ဘက်ပဲရှိတယ်...
ဒါပေမယ့် မိသားစုအားလုံး မှီခိုလို့ရတယ်...
(၇.၃.၂၀၁၂ တပေါင်းလပြည့်နေ့ အဖေများနေ့အတွက်)

အရိုင်းရဲ့အယဉ်


အယဉ်နဲ့တုခိုင်းတော့
ငါက အရိုင်း ......
နှိုင်းပစေပေါ့
သူတို့ရဲ့ ပေတံတွေကြားမှာ
ငါမှ စံ မမှီချင်ခဲ့ တာ .....

နိယာမ


ယောက်ျားလေးတွေ တကယ်ချစ်တဲ့ အခါ ……
လူအများမှာ ကြွားဝါလိုကြတယ်………………..ဒါငါ့ ချစ်သူလို့ ပေါ့ .။
မိန်းကလေးတွေ တကယ်ချစ်တဲ့  အခါ…….
တိတ်တိတ်လေး လက်ကို မြဲမြဲဆုပ်ထားကြတယ်………..ခွဲမသွားနဲ့ လို့ ပေါ့ …။

ဥပေက္ခာ


သူတစ်ထူး ပေါ်မှာ
ထားခဲ့မိတဲ့ ရိုးသားမှုတွေ ကို
ဥပေက္ခာပြုခံလိုက်ရတဲ့အခါ
ရင်ထဲမှာတဆစ်ဆစ် နာလာတယ် .....

သူတစ်ထူးရှေ့မှာ

အားနည်းချက်ရှိသူများသို့


လူတွေမှာ လိုတာထက်ပိုပြီး အားနာတတ်တာ ရယ်
သနားတတ်တာ ရယ်ဟာ အားနည်းချက်ပဲ ။

အခွင့်အရေးသမားတွေဆိုတာ လူတယောက်ရဲ့
အားနည်းချက်ကို ရှာဖွေအသုံးချ နေတတ်ကြတဲ့လူမျိုးတွေ

ငါ အိုသွား သောအခါ

Monday, March 5, 2012

အင်တာနက်၏အစ



1957 ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ ကနေ့ခေတ် နည်းပညာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံက ကမ္ဘာ့ပထမဦးဆုံးဂြိုဟ်တုဖြစ်တဲ့ စပွတ်နစ် (၁) ကို လွှတ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကိုပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပတ်လမ်းကြောင်း
ပေါ်ကို ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ ပြင်ဆင်နေဆဲအချိန်မှာပဲ သူတို့ရဲ့ အဓိကပြိုင်ဘက်က အရင်လွှတ်တင်နိုင်ခဲ့တဲ့အတွက် အကြီးအကျယ် တုန်လှုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ကွန်ပျုတာ ဆိုတာ ဘာလဲ



တိုက်ရိုက်အဓိပ္ပါယ်ပြန်လျှင်သချာင်္တွက်စက်ဖြစ်ပါသည်။
တစ်နည်းအားဖြင့်၎င်းမှာလျှပ်စစ်စွမ်းအားနှင့်သချာင်္ပညာရပ်များအားအသုံးပြု၍
လုပ်ငန်းရပ်များအားအဆင်ပြေချောမွှေ့လွယ်ကူစေရန်ဖန်တီးယူထားသည့်
စက်အမျိုးအစားတစ်ခုဖြစ်ပါသည်။မှတ်တမ်းများသိမ်းဆည်းခြင်း
(Datastorage)၊ပြန်လည်ခေါ်ယူခြင်း(Retrive)၊အစီအစဉ်များထည့်သွင်းခြင်းနှင့်

မိမိတင်ထားတဲ့ Program တွေ သူများဖြုတ်လို့မရေ&#




ကျွန်တော်တို့ တစ်ခါတစ်လေကျရင် ကိုယ်တင်ထားတဲ့ program တွေကို တစ်ခြားမသိတဲ့သူတွေက ဖြုတ်ပစ်လိုက်တာမျိုးတွေရှိပါတယ်
အဲဒီလိုမဖြစ်အောင် အခုလိုကာကွယ်ထားလိုက်မယ်ဆိုရင်
အရင်ဆုံး Run ကနေ gpedit.msc ကိုရိုက်လိုက်ပါ

Useful 101 keyboard Shortcuts



CTRL+C (Copy)
CTRL+X (Cut)
CTRL+V (Paste)
CTRL+Z (Undo)
DELETE (Delete)
SHIFT+DELETE (Delete the selected item permanently without placing the item in the Recycle Bin)

Gmail ကနေ exeဖိုင်(Program) တွေကိုပို့လို့ရအောင်ပြုလုပ်နည်း


File extension ပြောင်းပြီးပို့ခြင်း

မိမိတို့Gmail ကနေ Program ဖိုင်များပို့လို့မရပါ။ပို့လို့ရအောင် အောက်ပါအတိုင်းဖိုင်ကိုယ်ရောင်ဖျောက်ပြီးပို့ပါမည်။ဥပမာ-icyclone.exe ဆိုရင် icyclone.doc ဆိုပြီး နောက်ကfile type ကိုပြောင်းလဲပြီးပို့နိုင်ပါသည်။
For Window XP
1. မိမိcomputer မှ My computer သို့မဟုတ် Folder တစ်ခုခု ကိုopen ပါ။ကျလာသော box ရဲ့အထက်နားက Tool ကို click ပါ။ Folder Option ကို click ပါ။

For Window 7
1. မိမိcomputer မှ My computer သို့မဟုတ် Folder တစ်ခုခုကို open ပါ။ကျလာသော boxရဲ့အထက်နားက Organize ကို click ပါ။ Folder and search options ကို click ပါ။

2.view ကို click ပါ။ Hide extenisions for known files types ကို

နောက်ထပ်မညာပါနဲံ...


လူပျိုကြီးများ၏ အားနည်းချက်များ


-ရေချိုးပြီးတိုင်း တဘက်ကမ်းပေးမယ့်လူမရှိခြင်း
-ရပ်ကွက်ထဲမှ သတင်းများကိုပြောပြမယ့်သူမရှိ၍ သတင်း update မဖြစ်ခြင်း
-ရုံးပိတ်ရက်များတွင် အိမ်မှာ ပျင်းခြောက်ပိန်လှီကပ်နေရခြင်း
-လကုန်တိုင်း ပိုက်ဆံအပ်ရမယ့်သူမရှိခြင်း
 -မိုးမိုး၏ အသက်၄၀ သီချင်းကြားရတိုင်း မလုံမလဲခံစားရခြင်း
-အကြောင်းသိသူများရဲ့ဘယ်တော့စားရမှာလဲအမေးကို အောင့်သက်သက်နှင့်ခံရခြင်း
-နေမကောင်းသည့်အခါ ဆေးပေးဂရုစိုက်ပေးမယ့်သူမရှိခြင်း
 -ဆူဆူပူပူအသံလေးမကြားရသဖြင့် ဦးနှောင့်နိုးကြားမှုမရှိခြင်း
 -စိတ်ပြေလက်ပျောက် အွန်လိုင်းသုံးသောအခါ ပိုပိုမိန်းမလိုချင်မိခြင်း
 -ညတရေးနိုး ဘေးနားကြည့်တိုင်း ဖက်လုံးကြီးသာ ရှိနေခြင်း