တစ်ခါက . . .
လူငယ်လေး တစ်ယောက်ဟာ ဖခင် ရဲ့
ညွှန်ကြားမှုကြောင့် ကုန်သည်ကြီး တစ်ယောက်ထံကို စီးပွားရေး သဘောတရားများကို လေ့လာဖို့ သွားရောက်
သင်ယူသတဲ့။ ထိုကုန်သည်ကြီးက စီးပွားရေး ကိစ္စမှာတင် အောင်မြင်နေတာ မဟုတ်ဘဲ လူမှုရေး
လုပ်ငန်းများမှာလည်း အလွန် အောင်မြင်ပြီး ကျော်ကြားနေသူ ဖြစ်တယ်။ သူ့မှာ လုပ်ငန်းပေါင်း
များစွာ ရှိပြီး အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းများကို ဒိုင်အဖြစ် လက်ခံ ဝယ်ယူကာ
တဆင့် ပြန်လည် ရောင်းချသလို ၊ နောင်တစ်ချိန် ဈေးတတ်လာနိုင်သော
ကုန်ပစ္စည်းများကိုလည်း ခန့်မှန်း တွက်ချက်ကာ သိုလှောင်ထားလေ့ ရှိတယ်။
လူငယ်လေး ရောက်သွားပြီး
ကုန်သည်ကြီးဆီက စီးပွားရေး သဘောတရားများ ၊ စီးပွားရေး ခံယူချက် အမြင်များကို လေ့လာ
သင်ယူနေခဲ့တယ်။ တစ်နေ့တော့ ကုန်သည်ကြီးက သူ့ရဲ့ ထုံးစံ အတိုင်း နောင်တစ်ချိန်မှာ
ဈေးတတ်လာနိုင်သော ပစ္စည်းများ ၊ ဈေးကျလာနိုင်သော ပစ္စည်းများကို သူ့ရဲ့
အတွေ့အကြုံနဲ့ တွက်ချက်ပြီး ဘယ်ပစ္စည်းကိုတော့ သိုလှောင်သင့်တယ် ၊ ဘယ်ပစ္စည်းကိုတော့
မသိုလှောင် သင့်ဘူး လို့ ဆိုကာ ဆုံးဖြတ်ပြီး နောင်တစ်ချိန် ဈေးတတ်လာနိုင်တယ် လို့
ထင်တဲ့ ပစ္စည်းတချို့ကို သိုလှောင် ထားခဲ့တယ်။
လူငယ်လေးကလည်း ကုန်သည်ကြီးရဲ့
အကဲဖြတ်ပုံ ၊ ခန့်မှန်း တွက်ချက်ပုံ ၊ အတွေ့အကြုံများကို သေချာ လေ့လာ သင်ယူမှတ်သား
ထားခဲ့တယ်။ နာမည်ကြီး ကုန်သည်ကြီးလည်း ဖြစ် ၊ သူခန့်မှန်း တွက်ချက်ပြီး
သိုလှောင်တဲ့ ပစ္စည်းတိုင်းကလည်း
ဈေးတတ်၍ အောင်မြင်ကာ အကျိုးအမြတ်များ ရရှိသောကြောင့် တခြားသော ကုန်သည်များကလည်း
ကုန်သည်ကြီး ဘယ်ပစ္စည်းကို သိုလှောင်တယ် ဆိုတာကို အမြဲမပြတ် လေ့လာ စုံစမ်း
နေခဲ့ကြတယ်။ အခုတော့ ကုန်သည်ကြီး ဒီပစ္စည်းကို သိုလှောင်နေတယ် ဆိုတာကို သိတာနဲ့
သူတို့လည်း ထိုပစ္စည်းများကို လိုက်လံ သိုလှောင်တယ်။