My Blog List

Sunday, March 18, 2012

xxxxပေး




ကျနော့် ဒရိုင်ဘာ သားတော်မောင် ဆယ်တန်း မြန်မာစာ ဖြေပြီးတဲ့ည စကားဝိုင်းကလေးပါ

မင်း ဖြေနိုင်ရဲ့ လား

ဖြေနိုင်ပါတယ်၊ မေးခွန်းတွေ လွယ်ပါတယ် အဖေ

အားလုံး ဖြေနိုင်တယ်ပေါ့ ဥာဏ်စမ်းတွေရော

သူတို့  နမ်းရင်လဲမူး၊ စားရင်လဲ ရူး၊ ဆုပ်ရင်လဲ စူးတဲ့ အသီးတဲ့ မေးတယ်အဖေ သားက ပဒိုင်းသီးလို့  ဖြေခဲ့တယ် အဖေ


အေး မင်းတော်တယ်

နောက်တစ်ခုက ဦးဝိစာရ ကျောက်တိုင်က ကျောက်ရုပ်မှာ သပိတ်နဲ့ ဦးခေါင်းတော်နဲ့ ဘာက ကြီးသလဲတဲ့ ကျန်တဲ့ကောင်တွေက သပိတ်ကြီးတယ်တဲ့ သားကတော့ သပိတ်မပါဘူးလို့ ဖြေခဲ့တယ် ဘယ်ရမလဲအဖေရ

ဒါမှ ငါ့သားကွ နောက်ရော

နောက်တပုဒ်က တောင်ဝှေးကို ဘယ်နဲ့ ကိုင်သလား ညာနဲ့ ကိုင်သလားတဲ့ ဘယ်ရမလဲ အဖေရာ အများစုက ညာနဲ့ ကိုင်တာဆိုတော့ ညာနဲ့ ကိုင်တယ် တွယ်ခဲ့တာပေါ့ အဖေရ

ဟကောင်ရ တောင်ဝှေးမှ မပါတာ မင်းပိန်းသွားပြီ

နောက်ဆုံးတပုဒ်ကတော့ သားတို့ အားလုံး မဖြေနိုင်ဘူး အဖေရ

ဟေ ဘယ်လောက်ခက်လို့ လဲ

စစ်ကိုင်းတောင်က ဘယ်တိုင်းထဲမှာ ပါသလဲတဲ့ ကျနော်တို့ ပထ၀ီမှာ စစ်ကိုင်းတောင် အကြောင်းမှ သင်မထားတာ ဘယ်သိမလဲ အဖေရ၊ ဒါ မတရားမေးတာပဲ အဖေရ

ဟေ ပိန်းပါ့ကွာ၊ စစ်ကိုင်းတောင်က စစ်ကိုင်းတိုင်းထဲမှာ ပဲ ရှိတာပေါ့ မင်းတို့ အားလုံး ဆယ်တန်းရောက်နေပြီ ဒီလောက်တောင် မသိကြပါဘူးလား

ကျက်စာထဲမှာမှ မပါတာပဲ အဖေရ

ဟေ ကျက်စာထဲ မပါလို့ မသိတာဆိုရင် ကဲ ငါမေးမယ် မင်းအမေယောကျာ်းဆိုရင် မင်းနဲ့ ဘာတော်လဲ ပြောစမ်း

(တော်တော်လေး စဉ်းစားပြီး)

ပထွေးတော်မယ်ထင်တာပဲ အဖေ

------ပေး
 by Maung Maung Than on Friday, 16 March 2012 at 06:52 ·
မှတ်ချက်။ ။ facebook မှ ဖတ်ခဲ့ရေသော ဟာသလေး ပါ။

No comments:

Post a Comment