My Blog List

Sunday, February 26, 2012

ခံစားချက်နဲ့ရေးတဲ့စာ


အလွမ်းရဲ့ဒဏ်ကို မခံစားချင်လို့ အခြားတစ်ဘက်မှာ ဖြေဖျောက်ကြည့်တယ် ဝေဒနာသာတိုးလာတယ် ဒဏ်ရာကတော့ အနားစလေးတောင် မကြတ်ခဲ့ပါဘူး
မရည်ရွယ်ပေမဲ့ မထင်မှတ်ပဲ ချစ်လာခဲ့တဲ့ ဒီချစ်သူကို ခွဲခွါပြေးရမှာပါ……….
မခံစားနိုင်သေးတဲ့ ဒီဒဏ်ရာရဲ့ရိုက်ခက်မှုတွေက ဘယ်ဆေးဝါးနဲ့မှ မကုစားနိုင်ပါဘူး


အတူရှိတဲ့ အခိုက်မှာ ပျော်ရွှင်စရာကောင်းပေမဲ့ အတူတူမရှိတော့ဘူးဆိုတဲ့ အသိကလာနှိပ်ဆက်ချိန်မှာတော့ ရင်ဘက်မှာ အောင့်သက်သက် ဝေဒနာတစ်ခုက
လာရောက် ရိုက်ခက်မှုနဲ့အတူ ခံစားချက်ပြင်းထန်တဲ့ ရင်ခုန်သံ လှိုင်းဂရက်တွေရဲ့ ဖိအားပေးမှုကြောင့် မျက်ဝန်းအစုံမှာ မျက်ရည်စတို့က ပီပီပြင်ပြင် ကျမလာပေမဲ့ မှုန်ရီဝေနေလေရဲ့…..
ငါတို့တွေရဲ့ ဆုံနိုင်ခွင့် ဆုံမှတ်အားလုံး Block ဖြစ်တော့မယ်နော်…..
ဘယ်လိုပဲ ဖြစ်ဖြစ်ချစ်သူ………….ယုံကြည်ချင်း ချစ်ချင်းတွေနဲ့ ချုပ်ဆိုထားတဲ့ ဒီထိန်းချူပ်မှုအောက်မှာ မင်းမငိုစေရပါဘူး …
မင်းပျော်ရွှင်ဖို့ အတူတူရှိမနေသေးဘူးဆိုရင်တောင် မနက်ဖန်တိုင်းမှာ အချစ်သစ်တွေနဲ့အတူ အချစ်စစ်တွေ ထက်ကာဆင့်လို့ မင်းအတွပ် ငါ ဆက်လက်ပေးဆက်နေမှာပါ……
မကြာခင် ငါတို့တွေ ကျောင်းတော်ကြီးပိတ်တော့မယ် ကိုယ်နေရာကိုယ်ဒေသ ကိုယ့်တာဝန် ကိုယ်ထမ်းလို့ နယ်ပယ်သစ်တစ်ခုမှာ ငါတို့တွေရဲ့ ဘ၀တိုက်ပွဲသစ်တစ်ခု ယှဉ်ပြိုင်ရတော့မယ်
အရှုံး အနိုင်တော့ ခွဲခြားမပေးဘူး ဒါပေမဲ့ အနိုင်ရဖို့တော့ ခက်မယ်ဆိုတာ သိတယ် …အရင်ဆုံး ငါတို့ယှဉ်ပြိုင်ရမဲ့ သမိုင်းပေးတာဝန်က ငါတို့ချစ်တဲ့သူတွေနဲ့
 အဆက်အသွယ်ပျက်သွားနိုင်တဲ့ အပြင်ထန်ဆုံး တိုက်ပွဲတစ်ခုလေ … ခြေလှမ်းတွေ မခိုင်မာသေးခင် လောကဓံကို ရင်ဆိုင်လို့ မဖြစ်သေးဘူး သွားရမဲ့ ခရီးလမ်းက
အရှည်ကြီး အခက်ခဲတွေတော့များမယ် ….ဒီတော့ ရင်ဆိုင်နိုင်ဖို့ အသင့်မဖြစ်သေးခင် ခဏတော့ ပုန်းရှောင်လိုက်တာပေါ့ကွာ …အသင့်ဖြစ်ရင် စိန်ခေါ်လိုက်မယ် ..ချစ်သူ
အချိန်အတိုင်းတာ တစ်ခုတော့ စောင့်ဆိုင်းပေးပေါ့နော်….
ငါတို့တွေ မနိုင်ရင်တောင် လုံးဝမရှုံးစေရဘူး …ဟုတ်တယ်နော် ………..(သူငယ်ချင်းတို့ရေ ဒီပို့စ်လေးဟာ ရင်ထဲကလာတာနော် ) ကိုညီရေးတဲ့ စာတိုင်းရဲ့ပြန်စာတွေက
ခံစားချက်ကို ဖြေလျော့စေခဲ့ပါတယ်၊ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ စာဖက်ခဲ့ကြတဲ့…၊
ပြန်စာရေးပေးတဲ့ ညီငယ် ညီမယ်ငယ်တွေ အစ်ကို အမတွေ သူငယ်ချင်းအားလုံးကို ဆုတောင်းပေးပါတယ် ချစ်တဲ့သူနဲ့ဆုံစည်းခွင့်ရကြပါစေ……
သောကလေးတွေ ရော့ပါးနိုင်ကြပါစေ…….
သောကအထွေးလိုက်နဲ့ ကိုညီ။


မှတ်ချက်။  ။ မိမိကိုယ်တိုင်းရေးသားချင်မဟုတ်ပါ။ကောင်းသော ကြောင့်မျှဝေခံစားစေချင်သောကြောင့်တာ ဖြစ်သည်။

No comments:

Post a Comment