My Blog List

Monday, March 5, 2012

လူပျိုကြီးများ၏ အားနည်းချက်များ


-ရေချိုးပြီးတိုင်း တဘက်ကမ်းပေးမယ့်လူမရှိခြင်း
-ရပ်ကွက်ထဲမှ သတင်းများကိုပြောပြမယ့်သူမရှိ၍ သတင်း update မဖြစ်ခြင်း
-ရုံးပိတ်ရက်များတွင် အိမ်မှာ ပျင်းခြောက်ပိန်လှီကပ်နေရခြင်း
-လကုန်တိုင်း ပိုက်ဆံအပ်ရမယ့်သူမရှိခြင်း
 -မိုးမိုး၏ အသက်၄၀ သီချင်းကြားရတိုင်း မလုံမလဲခံစားရခြင်း
-အကြောင်းသိသူများရဲ့ဘယ်တော့စားရမှာလဲအမေးကို အောင့်သက်သက်နှင့်ခံရခြင်း
-နေမကောင်းသည့်အခါ ဆေးပေးဂရုစိုက်ပေးမယ့်သူမရှိခြင်း
 -ဆူဆူပူပူအသံလေးမကြားရသဖြင့် ဦးနှောင့်နိုးကြားမှုမရှိခြင်း
 -စိတ်ပြေလက်ပျောက် အွန်လိုင်းသုံးသောအခါ ပိုပိုမိန်းမလိုချင်မိခြင်း
 -ညတရေးနိုး ဘေးနားကြည့်တိုင်း ဖက်လုံးကြီးသာ ရှိနေခြင်း
-ဆောင်းတွင်းဘက်အေးသော်..စောင်ခြုံပြီးသာ ကွေးရခြင်း
 -သူများမင်္ဂလာဆောင်မြင်တိုင်း အားငယ်ခြင်းကို ခံစားရခြင်း -ရုပ်ရှင်ရုံ၊ ကန်ဘောင်သွားမိတိုင်း
 သူများအတွဲများကိုသာ ငေးရခြင်း -နောက်ဆုံးပေါ် ဒီဇိုင်းအလန်းလေးများကိုမြင်တိုင်း တံတွေးမျိုချယုံမှတပါး
 ဘာမှမတက်နိုင်ဖြစ်ခြင်း -တခါတရံ စိတ်အလိုလိုတိုခြင်း..(အဲ့လိုအချိန် မဆိုင်သူတွေကို ဘလိုင်းကြီးပြဿနာရှာတက်တယ်)
 -အနမ်းနှင့်ကျန်းမာရေး ဆောင်းပါးသည် သူနှင့်ဘာမှအဆိုင်၍ ပိန်လှီခြောက်ကပ်နေရခြင်း
-အဝတ်အစားမျိုးစုံအကောင်းစားဝတ်သော်လည်း ဘယ်သူမှစိတ်မဝင်စားခြင်း -အချိန်ရှိတိုင်း အွန်လိုင်းပေါ်တက်ပြီး
ကြောင်သော်လည်း ဘယ်တစ်ယောက်နဲ့မှ မညိခြင်း -ဘာမှမတက်နိုင်သည့်အဆုံး..ဟိုပုံ ဒီပုံလေးများဖြင့်သာ စိတ်ဖြေရခြင်း..
. -တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ........ဟီဟိ  Copy  From Facebook

No comments:

Post a Comment