My Blog List

Monday, March 5, 2012

Gmail ကနေ exeဖိုင်(Program) တွေကိုပို့လို့ရအောင်ပြုလုပ်နည်း


File extension ပြောင်းပြီးပို့ခြင်း

မိမိတို့Gmail ကနေ Program ဖိုင်များပို့လို့မရပါ။ပို့လို့ရအောင် အောက်ပါအတိုင်းဖိုင်ကိုယ်ရောင်ဖျောက်ပြီးပို့ပါမည်။ဥပမာ-icyclone.exe ဆိုရင် icyclone.doc ဆိုပြီး နောက်ကfile type ကိုပြောင်းလဲပြီးပို့နိုင်ပါသည်။
For Window XP
1. မိမိcomputer မှ My computer သို့မဟုတ် Folder တစ်ခုခု ကိုopen ပါ။ကျလာသော box ရဲ့အထက်နားက Tool ကို click ပါ။ Folder Option ကို click ပါ။

For Window 7
1. မိမိcomputer မှ My computer သို့မဟုတ် Folder တစ်ခုခုကို open ပါ။ကျလာသော boxရဲ့အထက်နားက Organize ကို click ပါ။ Folder and search options ကို click ပါ။

2.view ကို click ပါ။ Hide extenisions for known files types ကို
အမှန်ခြစ်ဖြုတ်ပေးပါ။Apply ကို click ပြီးရင် ok ပါ။
3.မိမိပို့ချင်သော program ပေါ်တွင် right click ပေးပါ။rename ကိုclick ပါ။××××.exe ကို ××××.abc ဒါမှမဟုတ်××××.mp3 မိမိစိတ်ကြိုက်ပြောင်းနိုင်ပါသည်။
ကဲဒါဆိုgmail မှ attachment တွဲပြီးပို့နိုင်ပါပြီ။
မေးလ်လက်ခံသည့်ဘက်မှပြန်ပြီး××××.exe ဟုပြန်ပြောင်းလိုက်ပါ။
ဒါဆိုအဆင်ပြေပြေနဲ့ program file တွေကိုပို့လို့ရပါပြီ။

နောက်တစ်နည်းကတော့www.send6.comမှပို့ပါမည်။

exe file(Program file) တွေကို အထက်ကလို file extension ပြောင်းစရာမလိုပဲပို့နိုင်ပါသည်။
file size အကြီးကြီးတွေကို လည်းပို့နိုင်ပါသည်။

gmail မှာကဲ့သို့From, To, Subject, Your message ထည့်ပါ။Browse တွင် ပို့ချင်သည့် program file ကိုရွေးပါ။ခရမ်းရောင်box ထဲတွင်ပြထားသကဲ့သို့ အမှန်ခြစ်နှစ်ခုပေးလိုက်ပါ။
တစ်ဖက်လူကိုပို့ပြီးပြီဆိုပါက မိမိမေးလ်ထဲတွင်ပို့ပြီးကြောင်း message ပို့ပေးပါမည်။သူကပို့လိုက်တဲ့ဖိုင်ဒေါင်းရန် လင့်ပေးပါလိမ့်မည်။အဲဒီလင့်ကနေဒေါင်းလိုက်ပါ။
တော်တော်လေးအဆင်ပြေပါသည်။
exeဖိုင်(Program file)ပို့မရပဲစိတ်ညစ်နေသောသူငယ်ချင်းများအတွက်ပါနော်.....

No comments:

Post a Comment